MT News
၉. ၃. ၂၀၂၄
မနက်ဖြန် ဧပြီ ၁၀ ရက်မှာ ကျရောက်မဲ့ မွေးနေ့မှာ ကျင်းပမဲ့ ဖျော်ဖြေပွဲအတွက် ဝင်ကြေး ကျပ်တစ်သိန်းတောင်းခံရမှုအပေါ် စိုင်းစိုင်းခမ်းလှိုင်က ဖြေရှင်းတောင်းပန်လာပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ရဲ့ မွေးနေ့ဖျော်ဖြေပွဲကို မနက်ဖြန် Inya Lake Garden မှာ ညနေ ၄ နာရီကနေ ည ၁၀ နာရီအထိ ဖျော်ဖြေမှာဖြစ်ပြီး VIP လက်မှတ်ခ သီးသန့်သတ်မှတ်ထားသလို သာမန်ပွဲဝင်ကြေးကလည်း ကျပ် ၁ သိန်းဖြစ်နေတဲ့အပေါ် ပြည်ပထွက်ပြေးကြတဲ့ အနုပညာသမားဖြစ်ဖူးသူအပါအဝင်တချို့က ဝေဖန်နေကြတာပါ။
အဲဒီလို ဝေဖန်မှုကို စိုင်းစိုင်းခမ်းလှိုင်က “ကျနော် ဒီ ၂၀၂၄ နှစ်ဦးကစပြီး စားသောက်ဆိုင်တချို့မှာ သီချင်းပြန်စဆိုဖြစ်ပါတယ် ရန်ကုန်မှာ ၂ ဆိုင်မန္တလေးမှာ ၂ ဆိုင် တာချီလိတ်မှာ ၁ ဆိုင်ရှိပါပြီ ဆိုင်ထဲမှာဆိုတာဆိုတော့ ပရိသတ်က ဆိုင်ထဲ ဆန့်သလောက်ပါပဲ….ဒီ April လထဲ ရန်ကုန်မှာတစ်ခေါက်ထပ်ဆိုဖို့အတွက် ဆိုင်မှာပဲဆိုဖို့ ကမ်းလှမ်းခဲ့ပြီးတော့ ရက်ရွေးတဲ့အခါ ကျနော့်မွေးနေ့ဖြစ်တဲ့ April 10 ကိုရွေးဖြစ်ခဲ့ပါတယ်….အခုဆိုမယ့်ဆိုင်ကတော့ outdoor ဖြစ်တဲ့အတွက် ကျနော့်မိတ်ဆွေတဝက်လောက်နဲ့ လာအားပေးမယ့်ပရိသတ်တဝက်လောက်ပေါင်းရင် လူ ၁၀၀၀ ဝန်းကျင်လောက်တော့ ဆန့်မှာပါ…စားသောက်ဆိုင်တွေမှာလုပ်နေကျအတိုင်း နေရာကျဉ်းကျဉ်းမှာ လူနည်းနည်းနဲ့ပဲ ဆိုမှာဆိုတော့ ဝင်ကြေးကလည်း ဆိုင်ပွဲတွေထုံးစံအတိုင်း နည်းနည်းများသလိုဖြစ်သွားတဲ့အတွက် ကျနော့်ပရိသတ်များကို တောင်းပန်ပါတယ်…လေးစားစွာဖြင့်..SAI” လို့ ယဥ်ကျေးစွာရှင်းပြတောင်းပန်ခဲ့တာပါ။