October 20, 2024

၉. ၄. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ခပေါင်းကုန်းကြီးအုပ်စု၊ တံခွန်တိုင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးဦးသိန်းမြင့်(ခ) ဖိုးထော်နဲ့ သားဖြစ်သူကိုဝင်းမင်းသန့်တို့ကို မကွေး PDF နှစ်ဖွဲ့ပေါင်းပြီး သတ်ဖြတ်လိုက်တယ်လို့ သတ်ဖြတ်တဲ့ PDF နှစ်ဖွဲ့က ထုတ်ပြန်ပါတယ်။

လက်နက်မဲ့ ဦးသိန်းမြင့်နဲ့ ကိုဝင်းမင်းသန့်တို့ သားအဖကို Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) နဲ့ ဒေါင်းစစ်သည်ပြောက်ကျားတပ် (နတ်မောက်) တို့ပူးပေါင်းပြီး မနေ့က ဩဂုတ် ၈ ရက် မနက် ၁၁ နာရီ ၄၂ မိနစ်မှာ နေအိမ်အထိ ဝင်ပြီး ကျည် ၁၄ ချက်နဲ့ ပစ်သတ်ကြတာပါ။

ဦးသိန်းမြင့်ဟာ (၈၈) မျိုးဆက်ကျောင်းသားအဖွဲ့ကဖြစ်ပြီး စီးပွားရေးခရိုနီအရင်းရှင်၊ ကျေးရွာအတွင်း လျှပ်စစ်မီတာခ အတင်းအဓမ္မကောက်တာ၊ ပြည်သူ့စစ် ၁၃ ယောက်ကိုဦးဆောင် သင်တန်းပေး​တာ၊ ကြိုက်တဲ့ PDF ပေါ်တင်လာခဲ့လို့ စိန်ခေါ်တာ၊ သားဖြစ်သူ ဝင်းမင်းသန့်ကလည်း ပြည်သူ့စစ် သင်တန်းဆင်း ဖြစ်လို့ သတ်တာလို့ Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) နဲ့ ဒေါင်းစစ်သည်ပြောက်ကျားတပ် (နတ်မောက်) ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ MT News အနေနဲ့ ဒီစွပ်စွဲချက်တွေ မှန်မမှန် အတည်မပြုနိုင်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *