October 20, 2024

၉. ၄. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံဟာ မြန်မာပဋိပက္ခတွေမှာ ကြားနေအဖြစ် ဆက်လက်ရပ်တည်နေပြီး မငြိမ်မသက်မှုတွေကြောင့် နေရပ်စွန့်ခွာသူပေါင်း တစ်သိန်းကျော်အထိ လက်ခံပေးထားနိုင်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီဟာဘစ်ဒါ နုကာရာက အင်္ဂါနေ့ (ဧပြီလ ၉ ရက်) အစောပိုင်းက ပြောကြားခဲ့သလို ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့လည်း တိုက်ပွဲတွေမှာပါဝင်သူ ဘက်အားလုံးကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၂၀၀၀ အထိ ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံဟာ ဝန်ကြီးချုပ် ဆာရက်သာ ရာထူးတက်လာပြီးကတည်းက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှု အများအပြားကို လုပ်ဆောင်နေပြီး တိုက်ပွဲတွေအကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဏာမခြေလှမ်းအရ အကူအညီ ပေးအပ်ခြင်းတွေအပါအဝင် ဆွေးနွေးမှုတွေအတွက်လည်း လမ်းခင်းပေးလျက်ရှိပါတယ်။

ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားတဲ့ ထိုင်းအစိုးရအဖွဲ့ဝင်တွေ ပါဝင်မဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ မပြုလုပ်ခင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ ပဋိပက္ခအတွင်း ပါဝင်သူတွေကို ခုလို တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာအစိုးရဟာ အင်အားဆုံးရှုံးနေတယ်လို့ ထိုင်းဝန်ကြီးချုပ် ဆာရက်သာ သက်ဗီဆင်က မကြာသေးမီက ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ပြောကြားခဲ့ပြီး ဆွေးနွေးပွဲတွေ စတင်ဖို့ အချိန်ကောင်းဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံ မြဝတီမြို့မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေအကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် လက်နက်ကိုင်အဖွဲ့တွေက မြဝတီမြို့ကို ထိန်းချုပ်နိုင်ခဲ့သလို မြန်မာ့တပ်မတော်သားတွေနဲ့ အရပ်ဘက်အစိုးရအဖွဲ့ဝင်တွေ ဆုတ်ခွာခြင်းတွေရှိခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *