October 20, 2024

၉. ၄. ၂၀၂၄
Written by Shwe Phyo

အမေရိကန်အခြေစိုက်စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သော Chevron သည် မြန်မာနိုင်ငံရှိ ရတနာဓာတ်ငွေ့ စီမံကိန်းတွင် ပါဝင်လုပ်ကိုင်နေခြင်းကို အပြီးတိုင် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

အမေရိကန်စွမ်းအင်ကုမ္ပဏီသည် ရတနာဓာတ်ငွေ့စီမံကိန်းတွင် ရှယ်ယာ ၄၁ ဒသမ ၁ ရာခိုင်နှုန်းရှိနေပြီး ရှယ်ယာများအား အခြားသူတစ်ဦးကို ပြန်လည်ရောင်းချခြင်းထက် ရတနာစီမံကိန်းတွင်ပါဝင်နေသည့် အခြားရှယ်ယာရှယ်များကို ပြန်လည်မျှဝေသွားမည်ဖြစ်ကြောင်းသိရသည်။

ရတနာဓာတ်ငွေ့စီမံကိန်းတွင် Chevron ကုမ္ပဏီအပြင် ထိုင်းနိုင်ငံအခြေစိုက် PTT Exploration စွမ်းအင်ကုမ္ပဏီနှင့် မြန်မာနိုင်ငံပိုင် MOGE တို့ ပူးပေါင်းပါဝင်နေကြောင်း သိရသည်။ PTTEP ကုမ္ပဏီက ရတနာဓာတ်ငွေ့စီမံကိန်းတွင် ၎င်းတို့ရှယ်ယာရာခိုင်နှုန်းသည် ၆၂ ဒသမ ၉၆ရာခိုင်နှုန်းအထိ မြင့်တက်လာနေကြောင်း ပြောသည်။

Chevron ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူတစ်ဦးက ” ဒီရုပ်သိမ်းမှုဟာ မြန်မာနိုင်ငံကထွက်မယ့် ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကို သက်ရောက်မှုတွေဖြစ်လာစေတယ်” ဟုပြောသည်။

ရတနာဓာတ်ငွေ့စီမံကိန်းသည် တစ်နှစ်ကို ဓာတ်ငွေ့ ကုဗမီတာ ၆ ဘီလျံထုတ်လုပ်နိုင်ပြီး ၇၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့တင်ပို့ကာ ကျန် ၃၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံအတွင်း အသုံးပြုကြောင်း သိရသည်။ Chevron ကုမ္ပဏီသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတုန်းက ၎င်းတို့သည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေခြင်းကို ပြန်ရုပ်သိမ်းမည်ဟု သတင်းထုတ်ပြန်ခဲ့ဖူးသလို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကလည်း ရတနာဓာတ်ငွေ့စီမံကိန်းအပါအဝင် မြန်မာနိုင်ငံရှိ ၎င်းတို့ ပိုင်ဆိုင်သော အရာအားလုံးကိုရောင်းချရန် သဘောတူညီခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။

REF channelnewsasia

Leave a Reply

Your email address will not be published. Required fields are marked *