October 20, 2024

၉. ၄. ၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ပေါက်တောဝမီးပွိုင့်အနီးတွင် ဝက်တင်ဆောင်လာသည့် ယာဥ်ကို ကွန်တိန်နာယာဥ်မှ တိုက်မိရာက ဝက် ၁၀ ကောင်ကျော်သေဆုံးပြီး အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဧပြီလ ၈ ရက် ည ၁၁ နာရီကျော်အချိန် ပေါက်တောဝမီးပွိုင့်အနီးတွင် မီးစိမ်းသောကြောင့် ဝက်တင်ဆောင်လာသည့်ယာဥ်မှာ မောင်းထွက်သည့်အချိန် မီးနီအားဖြတ်မောင်းလာသည့် ကွန်တိန်နာယာဥ်မှ ဝက်တင်ဆောင်လာသည့် ယာဥ်ကို တိုက်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

“စုစုပေါင်းဝက်အကောင်ရေ ၄၀ လောက်ရှိတယ်။ သေတာက ၁၀ ကောင်အထက်သေတယ်။ အဲ့ဒီအချိန်မှာ မီးစိမ်းလို့မောင်းတဲ့ဝက်ကားကို မီးနီတာကို ဖြတ်မောင်းတဲ့ကားက တိုက်မိတာ။ ကွန်တိန်နာကားသမားက မောင်းပြီးထွက်ပြေးသွားတယ်။ ဝက်ကားပေါ်က အမျိုးသား ၃ ဦးလည်း ဒဏ်ရာရတယ်” ဟု တွဲလက်လူမှုကူညီအေသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ယာဥ်တိုက်မူကြောင့် ဒဏ်ရာရရှိသည့် အမျိုးသား ၃ ဦးအနက် ၂ ဦးကို အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (ဓာတ်ပုံ – တွဲလက်လူမှုကူညီရေးအဖွဲ့)

Leave a Reply

Your email address will not be published. Required fields are marked *