October 20, 2024

၉. ၄. ၂၀၂၄
Written by TZ

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို KNU/PDF များက ဒရုန်းဖြင့် ဗုံးပစ်ချတိုက်ခိုက်ရာ အဆောက်အဦပျက်စီးသွားကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုကို ယနေ့ ဧပြီ ၉ ရက် နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်ထွေအုပ်ရုံးအား KNU/PDF များပစ်ခတ်သည့် ဒရုန်းဗုံး ၃ လုံး ထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ချတိုက်ခိုက်မူကြောင့် အဆောက်အဦပေါ်နှင့် လျှောက်လမ်းပေါ် ကျရောက်ပေါက်ကွဲကာ ရုံးမျက်နှာကြတ်၊ အမိုး၊ ပြတင်းတံခါးများပျက်စီးသော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက် ည ၉ နာရီဝန်းကျင်ကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ် “အောင်ကျော်မိုး”ခရီးသည်ယာဥ်ကို KNU/PDF များက မိုင်းခွဲပြီး သေနတ်ဖြင့်ပစ်၍ ၁ ဦးသေပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *