October 20, 2024

၉. ၄. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုအတွင်း နေကြတ်မှုဖြစ်စဉ် ဧပြီလ ၈ ရက်က ဖြစ်ပွားခဲ့ရာ မွန်းလွဲပိုင်း၌ အပြည့်အဝ နေကြတ်လျက်ရှိစဉ် အချိန်ပိုင်းလေးအတွင်းတွင် အာကန်ဆတ်ပြည်နယ်၊ ရတ်ဆယ်လ်ဗီလီမြို့ရှိဘောလုံးကွင်း တစ်ခုအတွင်း စုံတွဲပေါင်းရာနှင့်ချီ၍ လက်ထပ်ပွဲကျင်းပခဲ့ကြကြောင်း သိရသည်။

‘နေကြတ်ချိန်မှာ ခိုးရာလိုက်ပြေးခြင်း’ (Elope at the Eclipse) ဟု အမည်ပေးထားကြသည့် အဆိုပါအခမ်းအနားတွင် အမေရိကန်ပြည်ထောင်စုအတွင်း ပြည်နယ် ၂၅ ခုမှ စုံတွဲ ၄၀၀ နီးပါးခန့်က ပါဝင်ဆင်နွှဲကာ လက်ထပ်ပွဲကျင်းပခဲ့ကြသည်။

၎င်းတို့က ဒေသစံတော်ချိန် ဧပြီလ ၈ ရက်၊ မွန်းလွဲ ၁ နာရီခွဲတွင် နေအပြည့်အဝကြတ်ခြင်းမစတင်မီ စုပေါင်းလက်ထပ်ပွဲကျင်းပမည့် ကွင်းအတွင်းသို့ စုရုံးရောက်ရှိလာခဲ့ကြကာ Elope at the Eclipse အခမ်းအနားကို မွန်းလွဲ ၁ နာရီခွဲမှ ၁ နာရီ ၄၅ မိနစ်အထိ ၁၅ မိနစ်ကြာကျင်းပခဲ့ကြသည်။ အပြည့်အဝနေ ကြတ်ခြင်းက မွန်းလွဲ ၁ နာရီ မိနစ် ၅၀ အထိ ကြာမြင့်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် အခမ်းအနားဦးဆောင်သူက သတို့သားနှင့် သတို့သမီးတို့၏ အမည်များကို ထုတ်ပြန်ကြေညာကာ ၎င်းတို့က တရားဝင် ကတိကဝတ်ပြုခဲ့ကြပြီး နွေးထွေးသော နေရောင်အောက်တွင် စုံတွဲများက တစ်ဦးကိုတစ်ဦး မင်္ဂလာဦးအနမ်းများပေးခဲ့ကြသည်။

ထို့နောက် စုံတွဲများက စက္ကန့်ပိုင်းအတွင်း စတင်တော့မည့် အပြည့်အဝနေကြတ်ခြင်းကို ကြည့်ရှုရန်အတွက် မျက်မှန်များထုတ်၍ တပ်ဆင်သောအခါတွင် အခမ်းအနားတက်ရောက်သော လူအုပ်ကြီးကလည်း တစ်ခဲနက် လက်ခုပ်ဩဘာပေးခဲ့ကြသည်။

Ref- 40/29 News

Leave a Reply

Your email address will not be published. Required fields are marked *