October 20, 2024

၉. ၄. ၂၀၂၄
Written by KL

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ ၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ စားသောက်ဆိုင်နေရာအဟောင်းရှိ အဆေကာက်အအုံပျက်၊ အိမ်သာပျက်ကြားတွင် စိတ်ကျန်းမာ​ရေးချို့တဲ့နေသူ အသက် ၁၄နှစ်အရွယ် မိန်းကလေးငယ်ကို အိမ်ခြေမဲ့အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်။

အဓမ္မပြုကျင့်သူမှာ အသက် ၅၀ အရွယ် ဦးထိန်လင်း​ဖြစ်ပြီး နေအိမ်အတည်တကျမရှိဘဲ လှည့်လည်သွားလာနေထိုင်သူ ဖြစ်ကြောင်း၊ အဓ္မပြုကျင့်နေသည်ကို ကလေးတစ်ဦးက မြင်တွေ့ရာမှ လူကြီးများထံ အော်ဟစ် အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဓမ္မပြုကျင့်သူ အမျိုးသားကို ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးပြီး ရဲတပ်ဖွဲ့ထံအပ်နှံခဲ့ရာ ကော့သောင်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပုံစာ။ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သောနေရာ။

Leave a Reply

Your email address will not be published. Required fields are marked *