October 20, 2024

၉ .၄ .၂၀၂၄
Written by Hey Mar

စျေးဝယ်နေရင်း သတိလစ် လဲကျရာက အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီနေ့ဧပြီလ ၉ ရက် မနက်ပိုင်းက မန္တလေးမြို့ ဈေးချိုဈေးမှာဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ မဏီစလ လူမှုကူညီရေးအသင်းထံကနေသိရပါတယ်။

ဖြစ်စဥ်က ၂၈ -၂၉ နဲ့ ၈၅ -၈၆ လမ်းပေါ်မှာ ဈေးဝယ်နေရင်း မူးလဲခဲ့တာကြောင့် အနီးနားမှာရှိတဲ့ ပြည်သူတစ်ဦးက လူမှုကူညီရေးအသင်းဆီ ဖုန်းနဲ့ ဆက်သွယ်အကူညီတောင်းခံခဲ့တာလို့သိရပါတယ်။

“အနီးအနားက စျေးသည် စျေးဝယ်တွေကလည်း အမျိုးသမီးကြီးကို ဘယ်ကမှန်းမသိတော့ Unknown အနေနဲ့ပဲ ရဲဆေးစာနဲ့ ဆေးရုံ ပို့ခဲ့တာပါ။ အမှန်က ကျွန်တော်တို့ရောက်တာနဲ့ ကားပေါ်တင်ပြီး CPR လုပ်ပေးပါတယ်။ အဲ့ဒီကတည်းက သေဆုံးနေမှန်းသိပါတယ်။ ဒါပေမယ့် မဖြစ်မနေ ဆေးရုံက ပို့ရမှာမို့ ပို့ပေးပြီး အရေးပေါ်က သေချာစစ်ဆေးပြီးတာနဲ့ ရင်ခွဲရုံ ပို့ပေးခဲ့ပါတယ်။အသင်းပေ့ချ်ကနေ လူမှုကွန်ရက်ပေါ်တင်လိုက်မှ မိသားစုက ဆက်သွယ်လာလို့ ဆက်လက်ကူညီပေးနေပါတယ် ” လို့ MT News ကို ပြောပါတယ်။

ဧပြီ ၈ ရက်နေ့က ကမ္ဘာ့အပူဆုံးမြို့ ၁၀ မြို့ကို Eldoradoweather က ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက ချောက်၊ မင်းဘူး၊ ညောင်ဦး၊ မကွေးနဲ့ မန္တလေးမြို့တွေ ပါဝင်​ခဲ့ပါတယ်။ မန္တလေးမြို့မှာ နေ့အပူချိန် ၄၃ ဒဿမ ၈ စင်တီဂရိတ်အထိ ရှိနေပြီး မတ်လနဲ့ ဧပြီလအတွင်း အပူဒဏ်ကြောင့် မူးမေ့လဲကျ သတိလစ်သူ မန္တလေးမြို့ပေါ်မှာ မြင်သာ ထင်သာသိရှိရတဲ့ဖြစ်စဥ် အယောက် ၂၀ ထက်မနည်း မြို့ခံ ပရဟိတအသင်းတွေ ​အချိန်မီကူညီနိုင်သလို၊ သေဆုံးသူတချို့လည်း ရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *