October 20, 2024

၉.၄.၂၀၂၄
Written By Thandar

ပျော်ရွှင်စရာ လူငယ်ဖန်စီဇာတ်လမ်းပုံစံ “ပါးကွက်ကြားမလေးရဲ့ သင်္ကြန်” Mini ဇာတ်လမ်းတိုကို ဧပြီ ၁၀ ရက်ကနေ ဧပြီ ၁၃ ရက်အထိ ည ၉ နာရီမှာ Channel 9 ရုပ်သံလိုင်းကနေ စတင်ထုတ်လွှင့်မယ့်အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲကို ဧပြီ ၈ ရက် ညနေက ရန်ကုန်မြို ရွှေထွဋ်တင်ကွင်းမှာ ကျင်းပခဲ့ပါတယ်။

” ဒီဇာတ်လမ်းလေးမှာက လူငယ်တွေရဲ့ တစ်ချိန်က ပျော်စရာသင်္ကြန် ပြန်လည်တွေ့ရမှာပါ။ ကျွန်တော်တို့တွေ ဒီကားရိုက်ကူးရေး လုပ်နေချိန်မှာ လမ်းပေါ်မှာ ကားနဲ့ရေပက်ခံထွက်ချိန်မှာ အဖွဲ့လိုက် အော်ဟစ်ကြတာကို ရပ်ကွက်ထဲက လူတွေက ဒီလူတွေဘာလဲ ဟ..ဆိုတဲ့ပုံစံနဲ့ကြည့်တာလည်း ခံခဲ့ရတယ်။ သင်္ကြန်ကားလေးဆိုတော့ တချို့လူငယ် ကလေးတွေ မကြုံလိုက်ရတာလည်း ရှိမယ်လေ။ ဒီကားလေးကြည့်ပြီး ကိုယ်တွေ မြန်မာ့ရိုးရာသင်္ကြန်က ဘယ်လိုပါလားဆိုတာ သိလာရမှာပါ။ လူငယ်ဖန်စီ အပျော်သင်္ကြန်ဇာတ်ကားလေးပါ ”လို့ သရုပ် ဆောင် ချမ်းမင်းရဲထွဋ်က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း မိုးနီလွင် ရေးသားပြီးတော့ ဇာတ်လမ်း ဒါရိုက်တာ ရာဇဝင်ကိုက သရုပ်ဆောင်တွေဖြစ်တဲ့ ချမ်းမင်းရဲထွဋ် ၊ ခြူးစစ်ဟန် ၊ ဆက်ဂိုဟန် ၊ ဝီလျံမင်းမြတ် ၊ တာတာ ၊ ယွန်းအိန္ဒြာကို ၊ ရွှေရည်မိုးဦး ၊ ဇာခြည်လွင် စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူးထားပါတယ်။

အပိုင်း ၄ ပိုင်းပါဝင်မယ့် “ပါးကွက်ကျားမလေးရဲ့သင်္ကြန်” ဇာတ်လမ်းတိုကိုတော့ ဧပြီ ၁၅ ရက်ကနေ ဧပြီ ၁၈ ရက်အထိ ညစဥ် ၇ နာရီမှာ Myanmar Art Channel ၊ ဧပြီ ၁၉ ရက်ကနေ ဧပြီ ၂၂ ရက်အထိ ညစဥ် ၉ နာရီမှာ Sky Premium HD ရုပ်သံလိုင်းတို့က ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *