October 20, 2024

၉ .၄ .၂၀၂၄
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ မြင်တော်သာလမ်း၊ ဆီဆိုင်မှတ်တိုင်အနီး၊ တိုက်ခန်းပထမထပ်မှာ မီးပျက်စဥ် ဓာတ်လှေကားထဲ လူတွေပိတ်မိနေ​တဲ့အတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က အရေးပေါ်ကူညီကယ်ထုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဥ်က မနေ့က ဧပြီလ ၈ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့ပြီး မီးပျက်သွားစဥ် တံခါးရဲ့ အလိုလျောက် ပြန်လည်ပွင့်တဲ့စနစ် ချို့ယွင်းသွားတာကြောင့် ပြန်လည်ပွင့်မလာတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေထံ အကူအညီ တောင်းခဲ့ကြတာလို့ သိရပါတယ်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိပြီး ၁၅ မိနစ်ဝန်းကျင်ခန့်အတွင်း ဓာတ်လှေကားထဲက လူ၈ ဦးကို အပြင်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပေးဆပ်သူတို့ နှလုံးသားလူမှုကူညီရေးအသင်းတာဝန်ရှိသူက “ဓာတ်လှေကား တံခါးကိုတော့ ဖျက်လိုက်ရတာ တွေ့ရပါတယ်။ မိနစ် ၃၀ လောက် အထဲမှာ လူတွေက ပိတ်မိခဲ့တဲ့အတွက် လန့်တာ ကြောက်တာလောက်ပါပဲ။ တခြားထူးခြားဖြစ်စဥ် ကူညီပေးရတာမရှိပါဘူး”လို့ MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *