October 20, 2024

၉. ၄. ၂၀၂၄
Written by Nay Moe

မိုင်းယောင်းမြို့၊ ရပ်ကွက် (၈)၊ ကော်ကော့လမ်း၊ မြို့မစျေးထောင့်မှာရှိတဲ့ ဧဝရတ်ရွှေဆိုင်နဲ့ ငွေလွှဲ၊ ငွေလဲလုပ်ငန်းကို မနေ့က ဧပြီ ၈ ရက် နေ့လယ် ၂ နာရီ ၃၈ မိနစ်မှာ လူငယ်လေးဦးက နေ့ခင်းကြောင်တောင် ဝင်ရောက်လုယက်ပြီး သေနတ်နဲ့ပါ အဆက်မပြတ်လိုက်လံပစ်ခတ်တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ဆိုင်ရှင်ဒဏ်ရာရခဲ့တယ်လို့ MT News သတင်းဌာနက ရရှိထားတဲ့ CCTV မှတ်တမ်းတွေနဲ့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဒီဖြစ်စဥ်မှာ ဆိုင်ကယ်နှစ်စီးနဲ့လူငယ်လေးဦးက ဆိုင်ထဲကိုရုတ်တရက်ဝင်လာပြီး အဆက်မပြတ်ပစ်ခတ်ကာ ငွေတွေ လုယက်ကြသလို မှန်တွေကိုရိုက်ခွဲပြီးတော့လည်း ရွှေထည်တွေလုယက်နေကြတာပါ။ ဒီလုယက်မှုဖြစ်စဥ်တစ်လျှောက်လုံးမှာ လုယက်သူလေးဦးက အနီးပတ်လည်ကို ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဆိုင်ဘေးနားက အသက်၂၉ နှစ်အရွယ် မအီမွန်းဆိုသူအမျိုးသမီး ဦးခေါင်းကျည်ထိသေဆုံးခဲ့သလို ဆိုင်ရှင်ဦးစိုင်းခမ်းတစ်ကလည်း ခြေထောက်ကိုကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဦးစိုင်းခမ်းတစ်က သူ့လူမှုကွန်ရက်မှာလည်း လုယက်သူတွေက “ဝ၊ တရုတ်” နွယ်ဝင် မြောင်ဇီးလူမျိုးတွေလို့ ရေးသားထားပြီး လုယက်သူလေးဦးစလုံး ရွှေထည်တွေနဲ့အတူ လွတ်မြောက်သွားသလို လုယက်ခံရတဲ့တန်ဖိုးကတော့ စိစစ်ဆဲလို့ပဲ MT News က ကနဦးသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *