October 20, 2024

၈. ၄. ၂၀၂၄
သက်တန့် / MT News

ပခုက္ကူမြို့အထွက် ၈ မိုင်ခန့်အကွာ ပန်းတိုင်းခြုံရွာအနီးမှာ စူပါကော်ဖီယာဥ်ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရမှုဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီနေ့ညမှာထုတ်ပြန်ပါတယ်။

ဖြစ်စဥ်က ဧပြီ ၆ ရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအနီးမှာ စူပါကော်ဖီမစ်ကုမ္ပဏီက ဝန်ထမ်းတွေဖြစ်ကြတဲ့ ဦးမြင့်ခိုင်(၄၇)နှစ်၊ ကိုနေသူလွင်(၂၂)နှစ်နဲ့ မတင်ဇာဝင်းပြည့်(၃၂)နှစ်တို့ဟာ 4G/ 6980 Canter ၆ ဘီးမော်တော်ယာဉ်နဲ့ ရေစကြိုမြို့ဘက်ကနေပြီး ပခုက္ကူမြို့ဘက်ဆီ မောင်းနှင်ထွက်ခွာလာချိန် ပန်းတိုင်းခြုံကျေးရွာက သစ်စက်အနီးအရောက် PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့လို့ မော်တော်ယာဉ်ရဲ့ ယာဘက်ရှေ့ဘီး၊ ရှေ့လေကာမှန်တို့ ပျက်စီးခဲ့သလို မတင်ဇာဝင်းပြည့်မှာ ကျည်ထိမှန်ဒဏ်ရာတွေ ရရှိ သေဆုံးသွားခဲ့သလို ဦးမြင့်ခိုင်နဲ့ ကိုနေသူလွင်တို့လည်း ကျည်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် သေဆုံး၊ဒဏ်ရာရရှိသူတွေကို ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

ပခုက္ကူ- ရေစကြိုလမ်းပိုင်းဟာ မကြာခဏပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ် ၃၁ ရက်ကလည်း ရေစကြိုမြို့နယ် ပညာရေးဌာနမှာ အစိုးရကျောင်းဆောင် ဆောက်လုပ်လို့ဆိုပြီး မြန်မာလျှံလင်းအောင်ကုမ္ပဏီနဲ့ရဲရင့်အားမာန်ကုမ္ပဏီပိုင်ရှင် မအေးအေးအောင်နဲ့ အင်ဂျင်နီယာမခိုင်နွယ်လင်းအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူငါးဦးကို PDF တွေက သတ်ဖြတ်လုယက်မှုဖြစ်ပွားခဲ့သလို စူပါကော်ဖီမစ်ကိုလည်း PDF တွေက Boycott စာရင်းထည့်ပြီး လှုံ့ဆော်မှုပြုခဲ့ကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *