၈. ၄. ၂၀၂၄
Written by TZ
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မင်းကန်ကျေးရွာအနောက်ဘက်၊ ရွှေတချောင်းဘောင်မှ လက်ပံပင်လဲကျရာ ထိုအနီးရှိ ကျူးတဲအိမ်ပေါ်သို့ ပိမိပြီး နေအိမ်အတွင်းရှိ အဘွားတစ်ဦးမှာ သစ်ပင်ပိမိ၍ သေဆုံးသွားကြောင်း သိရသည်။
ဧပြီ ၇ ရက် ည ( ၇) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လေပြင်းများတိုက်ခိုက်မူကြောင့် အရှည် ၄၀ ပေခန့် လုံးပတ် ၁၀၀ ရှိသည့် လက်ပံပင်မှာလဲကျ၍ ကျူးနေအိမ်ပေါ်သို့ ပိမိခဲ့ကြောင်း၊ အလားတူ ၂၆ လမ်း ၇၃ လမ်းတွင်လည်း လေပြင်းတိုက်ခိုက်မူကြောင့် သင်္ကြန်မုခ်ဦးမှာပြုတ်ကျ၍ ကားနှစ်စီးပိမိခဲ့ကြောင်း သိရသည်။
“သစ်ပင်ပြိုကျတော့ ကျူးတဲ ၃ လုံးပေါ်ပိကျတယ်။ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးကတော့ ဒဏ်ရာအနည်းငယ်ရတယ်။ အဘွားတစ်ဦးကတော့ ဦးခေါင်းထိပြီးဆုံးသွားတယ်။ အရှည် ၄၀ ပေခန့် လုံးပတ် ၁၀ ပေ လက်ပံပင် လဲပြိုတာ”ဟု မြေပြင် သွားရောက်ကူညီသည့် လှိုင်းမေတ္တာလူမှုကယ်ဆယ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဖြစ်သူက MT news သို့ ဖြေကြားခဲ့သည်။
ဒဏ်ရာရရှိသူများကို မတ္တရာဆေးရုံသို့ပို့ဆောင်ပြီး၊ သေဆုံးသွားသည့် အသက် (၆၅) နှစ်အရွယ် အဘွားအိုကိုလည်း မတ္တရာဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကာ ရုပ်အလောင်းကို ယနေ့နေ့လယ် ၁၂ နာရီအချိန်တွင် မီးသင်္ဂြုဟ်မည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – လှိုင်းမေတ္တာလူမှုကယ်ဆယ်ရေးအဖွဲ့