November 1, 2024

၇. ၁၁. ၂၀၂၄
Translated by Thettant

မြဝတီမှာ တိုက်ပွဲတွေဖြစ်ပွားပြီး တပ်စခန်းတချို့ကို လက်နက်ကိုင်တွေက သိမ်းလိုက်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်အပြီးမှာပဲ MNA လေကြောင်းလိုင်းက ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကို သုံးရက်တာအရေးပေါ်ပျံသန်းဖို့ တောင်းဆိုခဲ့တယ်လို့ ထိုင်းသတင်းဌာန The Reporter က ရေးသားခဲ့သလို ဒီနေ့ည ၈ နာရီ ၄၀ မိနစ်မှာလည်း MNA လေယာဥ်က မဲဆောက်လေဆိပ် ဆိုက်ရောက်လာတယ် ပြောပါတယ်။

MNA ရဲ့ ATR 72- 600 လေယာဉ်တွေကို ဧပြီ ၇ ရက်ကနေ ၉ ရက်အထိ ၇၂ နာရီအတွင်း မဲဆောက်လေဆိပ်မှာ ဆင်းသက်ခွင့်နဲ့ ဆီဖြည့်ခွင့်ပြုဖို့ ဒီနေ့ရက်စွဲနဲ့ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့ခဲ့ပြီး ခွင့်ပြုချက်တောင်းခံတဲ့လေယာဥ်တွေက ရန်ကုန်-မဲဆောက်-ရန်ကုန် ပျံသန်းမှာပါ။

ပျံသန်းရခြင်းရဲ့ ရည်ရွယ်ချက်က အထူးစင်းလုံးငှားခရီးသည်တွေနဲ့ ကုန်တင်ကုန်ချလမ်းနှစ်သွယ်အတွက် အထူးပဋိဉာဉ်နဲ့ဖြစ်ပြီး ဒီလို အကူအညီတောင်းခံရတာက မြဝတီမြို့တိုက်ပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဆီ ဖမ်းဆီးလက်နက်ချခံရတဲ့ စစ်သည် ၄၁၀၊ အမျိုးသမီးတပ်ဖွဲ့ဝင် ၅၉ ဦး၊ အဆင့်မြင့်အရာရှိ ၆၇ ဦးနဲ့ မိသားစုဝင် ၈၁ ဦးကို ပြန်လည်ခေါ်ဆောင်ဖို့ဖြစ်တယ်လို့ ဆိုကြသလို ထိုင်းဝန်ကြီးချုပ်ကလည်း ဒီအစီအစဥ်ကို သဘောတူပေမဲ့ စိုးရိမ်နေတယ်လို့လည်း ဖော်ပြပါတယ်။

လက်ရှိအချိန် မြဝတီမှာ တပ်ရင်း ၂၇၅ ကပဲ လက်နက်မချ၊ မကျရှုံးဘဲရှိနေသလို လက်ရှိစစ်ရေးအကျပ်အတည်းအရ မြဝတီကို လေကြောင်းတိုက်ခိုက်မှူစမယ်လို့ ယုံကြည်တာကြောင့် မြဝတီဒေသခံတွေက စစ်ရှောင်ကြမယ်လို့လည်း The Reporter မှာ ရေးသားဖော်ပြထားပါတယ်။

MT News သတင်းဌာနအနေနဲ့ ဖြစ်စဥ်အသေးစိတ် အတည်မပြုနိုင်သလို MNA ရဲ့ခွင့်ပြုချက်တောင်းခံစာကလည်း အစစ်ဖြစ်မဖြစ် အတည်မပြုနိုင်သေးဘဲ လက်ရှိဖြစ်စဥ်အပေါ် ထိုင်းသတင်းဌာနကရေးသားဖော်ပြတာကို အနီးစပ်ဆုံးပြန်ဆိုရေးသားခြင်းသာဖြစ်ပါတယ်။

Photo & Ref; The Reporter

Leave a Reply

Your email address will not be published. Required fields are marked *