October 20, 2024

၇.၄.၂၀၂၄
Written By Thandar

ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ ” သောကြာမိုး ” သီချင်းကို Short Film/MV ဇာတ်လမ်းတို မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ ဧပြီ ၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကန်သာယာစင်တာရှိ Rangoon Complex မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်မတို့က ကိုပုံရိပ်ဆီက သီချင်း ၂ ပုဒ်ကို ပုံဖော်ဖန်တီးဖို့ စိတ်ကူးဖြစ်တယ်။ တစ်ပုဒ်ကတော့ ကိုပုံရိပ်တို့က သူတို့အဖွဲ့လေးနဲ့ ဖန်တီးလိုက်တော့ ကျွန်မတို့အတွက် သောကြာမိုး သီချင်းလေး ဖန်တီးဖို့ ခွင့်ပြုခဲ့တာမို့ Short Film ပုံဖော်ဖြစ်တာပါ။ လူငယ်တွေစုပေါင်းပြီး ရန်ကုန်တက္ကသိုလ်နဲ့ တခြားနေရာလေးတွေမှာ ရိုက်ကူးထားကြတာပါ။ ကျွန်မတို့ ဒီထဲမှာလည်း အများကြီး ကြိုးစားထားကြတယ်။ ၆ လလောက် သေချာကြိုးစားပြီး ရိုက်ကူးထားကြတာပါ”လို့ သရုပ်ဆောင် ယင်းမာက MT Entertainment ကို ပြောပါတယ်။

ကံသာထုတ်လုပ်ရေးရဲ့ အဆိုပါ ဇာတ်လမ်းတို မိတ်ဆက်ပွဲအခမ်းအနားကို ဒါရိုက်တာတွေဖြစ်တဲ့ ညိုမင်းလွင် ၊ စိုးမိုးမင်း ၊ ထွဋ်တင်ထွန်းနဲ့ အဆိုတော်သရုပ်ဆောင် သိန်းလင်းစိုးတို့အပြင် အနုပညာရှင်တချို့လည်း တက်ရောက်အားပေးခဲ့ကြပါတယ်။

ဒီဇာတ်ကားရဲ့ဇာတ်ညွှန်း ညမွှေးပန်း ၊ ဒါရိုက်တာ စေတသိက် ၊ လက်ထောက် ဒါရိုက်တာ ပြည့်ဟိန်းသူ၊ ရုပ်ရှင်ဓာတ်ပုံ လင်းတေဇတို့က ရေးသားပြီး သရုပ် ဆောင် မင်းဘုန်းမြတ်၊ ဖြိုးသူရလင်း ၊ ယင်းမာ ၊ ကာတွန်း၊ ဟိန်းသစ်ဈာန်၊ သက်နှင်းစု ၊ ဧည့်သည်သရုပ်ဆောင် ပုံရိပ်၊ အောင်ကောင်းမြတ်တို့က ပါဝင်ရိုက်ကူးထားကြပါတယ်။

“သောကြာမိုး” ဇာတ်လမ်းတို တေးသီချင်းကို တေးဆို ပုံရိပ်၊ အောင်ကောင်းမြတ်တို့က သီဆိုထားပြီး ဧပြီလ ၉ ရက်နေ့မှာ အဆိုတော် ပုံရိပ်ရဲ့ Facebook ကံသာ Production တွေက ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *