October 20, 2024

၇ . ၄ .၂၀၂၄
Written by MMAK

◾မန်ယူ Vs လီဗာပူး

အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ပုံရိပ်အကြီးမားဆုံး အသင်းနှစ်သင်းဖြစ်ပြီး နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ
အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြသလို အခုည ပွဲစဉ်ဟာလည်း သေချာပေါက် ကြည့်လို့ကောင်းဦးမဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။ စနေညမှာ မန်စီးတီးနဲ့ အာဆင်နယ်တို့ အနိုင်ရသွားတာကြောင့် အမှားခံလို့မရတဲ့ လီဗာပူးနဲ့ ဥရောပဝင်ခွင့် တစ်နေရာရဖို့ကြိုးစားနေတဲ့ မန်ယူတို့် ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကတင် FA ဖလားပွဲယှဉ်ပြိုင်ကစားခဲ့ကြပြီး မန်ယူအသင်းက ကြေးအောင်ခဲ့သလို နောက်တစ်ဆင့်တက်ခဲ့တာ ဖြစ်ပါတယ်။ FA ဖလားပွဲမှာ လီဗာပူးကတစ်လုံးငါးဆယ်စား ပေးခဲ့ပြီး ကြေးမအောင်ခဲ့ပေမဲ့ အခုဒီပွဲကြေးပေါက်မှာ အဝေးကွင်း လီဗာပူးအသင်းက တစ်လုံး တစ်ဆယ်စားပေါက်နေပါတယ်။ ဘာကြောင့် ဒီကြေးပေါက်ရသလဲဆိုရင် မန်ယူအသင်းရဲ့ နောက်တန်းအထိုင်ကစားသမားတွေ လေးယောက်ထိဒဏ်ရာ ရနေသလို ကွင်းလယ်ကစားသမား ကတ်စမဲရိုးမပါနိုင်တာကြောင့် မန်ယူအသင်းရဲ့ ကွင်းလယ်နဲ့ ခံစစ်မှာ ပြဿနာရှိနေတာကြောင့် ဒီကြေးပေါက်နေတာ ဖြစ်ပါတယ်။ ပေါက်ကြေးအရဆိုရင်တော့ လီဗာပူးအသင်း အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားမယ်ဆိုတဲ့ ပေါက်ကြေးမျိုးဖြစ်ပါတယ်။ ဒီပွဲမှာ ဘွတ်ကီတွေ လီဗာပူးဘက်မှာရှိနေတာဖြစ်ပြီး အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားမဲ့ လီဗာပူးအသင်းကို ရွေးချယ်ရမှာပါ။

◾ရှက်ဖီး Vs ချဲလ်ဆီး

ရှက်ဖီးအသင်းက တန်းဆင်းရဖို့ သေချာနေတဲ့ အသင်းတစ်သင်းဖြစ်သလို ခံစစ်က တစ်ပွဲကို အနိမ့်ဆုံး နှစ်ဂိုး ခွင့်ပြုနေရတဲ့ အသင်းဖြစ်ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ ချဲလ်ဆီးက ပုံစံကောင်းပြလာနိုင်သလို တိုက်စစ်က သွင်းဂိုးတွေ ပိုမိုသွင်းယူလာနိုင်တာ တွေ့ရပါတယ်။ ချဲလ်ဆီးအသင်းနောက်ရာသီ ဥရောပဝင်ခွင့်တစ်နေရာကိုမျှော်လင့်လို့ ရသေးတဲ့ အခြေအနေကြောင့် ချဲလ်ဆီး ဒီပွဲကို လုံးဝအမှားခံမှာမဟုတ်ပါဘူး။ ဒီပွဲမှာ ချဲလ်ဆီးက တစ်လုံးခြောက်ဆယ်ရှုံး ဘော်ဒီကြေး ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်အရှုံး ဖြစ်ပါတယ်။ ရှက်ဖီးရဲ့ လက်ရှိခြေစွမ်းနဲ့ ချဲလ်ဆီးရဲ့ လက်ရှိခြေစွမ်းအရဆို တစ်လုံး အရှုံးလောက်ထိ ပေးလို့ရတာ ဖြစ်ပေမဲ့ ဒီပွဲမှာ ကြေးချထားပုံအရ ချဲလ်ဆီးဘော်ဒီတွေ စုပြုံဝင်လာမှာကို လှန့်ထားတယ် ထင်ပါတယ်။ ချဲလ်ဆီးကိုပဲ  ရွေးချယ်ရဦးမှာ ဖြစ်ပါတယ်။

◾စပါး Vs နော်တင်ဟန်ဖောရက်

စပါးအ​နေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာ သေချာချင်တယ်ဆို ဒီပွဲကို အနိုင်ကန်ထားမှ စိတ်ချရမှာ ဖြစ်ပါတယ်။ စပါးရဲ့ လက်ကျန်ပွဲစဉ်တွေမှာ နယူးကာဆယ် ၊ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ မန်စီးတီးတို့လို အသင်းကြီး ပွဲစဉ်တွေ ပါဝင်နေတာကြောင့် အမှတ်ယူလို့ရတဲ့ ဒီပွဲစဉ်မှာ သေချာပေါက် အနိုင်သုံးမှတ်ရဖို့ ပြင်ဆင်ထားပါလိမ့်မယ်။ နော်တင်ဟန်ဖောရက်က တန်းဆင်းဇုန် တစ်နေရာအတွက် နောက်ဆုံးအချိန်ထိ ယှဉ်ပြိုင်သွားရနိုင်ပါတယ်။ ဒီပွဲစဉ်မှာ အိမ်ရှင်စပါးက တစ်လုံးရှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ငါးဆယ် အရှုံးပေးထားပါတယ်။ စပါးအသင်း နှစ်ဂိုးပြတ်နိုင်ပါ့မလား စဉ်းစားချင်စရာ ဖြစ်ပေမဲ့ စပါးက အနိုင်ဂိုးကို ထိန်းကစားတတ်တဲ့အသင်းမျိုးမဟုတ်ဘဲ နောက်ထပ်သွင်းဂိုးရဖို့ ကြိုးစားနေတတ်တဲ့ အသင်းဖြစ်ပါတယ်။ နည်းပြအန်ဂျီရဲ့ စပါးကိုပဲ ရွေးချယ်ပေးချင်ပါတယ်။

◾ ဟော့ဖန်ဟိမ်း Vs အော့စ်ဘတ်

ဟော့ဖန်ဟိမ်းအသင်း သုံးပွဲဆက် နိုင်ပွဲပျောက်ထားပေမဲ့ အော့စ်ဘတ်အသင်းကတော့ နောက်ဆုံးငါးပွဲမှာ လေးပွဲနိုင် တစ်ပွဲသရေ ကျထားတာ တွေ့ရပါတယ်။ အိမ်ရှင်ဟော့ဖန်ဟိမ်းအသင်း ကြေးပြန်အောင်တော့မယ်လို့ လူတိုင်းယူဆနေကြတာကြောင့် ထင်သလောက် လွယ်ကူမှာ မဟုတ်သလို အော့စ်ဘတ်အသင်း သေချာပေါက် ဂိုးရပါလိမ့်မယ်။ ဟော့ဖန်ဟိမ်းအသင်း ဘော်ဒီကြေး ပြားငါးဆယ်သာပေးထားပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်အရှုံးပေါက်နေပါတယ်။ တိုက်စစ်အားသန်နှစ်သင်းဖြစ်သလို ဖွင့်ကစားကြမဲ့ ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေ သေချာပေါက် မြင်ရဖို့ ရှိနေတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။ ဘော်ဒီကြေး ပျော့နေပေမဲ့ ဂိုးပေါင်းကြေး မြင့်မားတဲ့ ပွဲစဉ်တွေမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ် တတ်တဲ့ ဖော်လိုပွဲစဉ်လို့ ယူဆရပါတယ်။ တစ်ဖက်တစ်ဂိုးစီ သေချာနေသလို ဘွန်ဒက်လီဂါ ထုံးစံအတိုင်း သွင်းဂိုးတွေနဲ့ ဖျော်ဖြေကြမဲ့ ဒီပွဲမှာ ဂိုးပေါ်ကလွဲပြီး ရွေးချယ်စရာ မရှိပါဘူး။

◾မွန်ဇာ Vs နာပိုလီ

ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေသလို ခြေစွမ်းအကျဘက်ကိုရောက်နေတဲ့ နာပိုလီအသင်း နောက်ရာသီ ဥရောပဝင်ခွင့် တစ်နေရာရဖို့အတွက် ကြိုးစားရတော့မဲ့အချိန်ဖြစ်ပါတယ်။ အိမ်ရှင်မွန်ဇာက ဘယ်အသင်းလာလာ တိုက်စစ်ဖွင့်ကစားတတ်တဲ့ အသင်းဖြစ်ပြီး သူ့အိမ်ကွင်းမှာ အသင်းကြီးတွေ ဖြစ်တဲ့ အင်တာ ၊ အေစီ ၊ ရိုးမားတို့နဲ့ ကစားခဲ့ရာမှာ အသင်းကြီးတွေကို အပြန်အလှန်ယှဉ်ကစားပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ ဂိုးပေါ်ထားတာ တွေ့ရပါတယ်။ အဝေးကွင်းနာပိုလီအသင်းက တစ်လုံးခုနှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနှစ်ဆယ်စား ဖြစ်ပါတယ်။ မွန်ဇာအသင်းက တိုက်စစ်ဖွင့်ကစားမှာ ဖြစ်သလို နိုင်ပွဲလိုအပ်နေတဲ့ နာပိုလီအသင်းလည်း တိုက်စစ်ကစားဟန်နဲ့သာ တုံ့ပြန်လာဖို့် ရှိပါတယ်။ ဒါကြောင့် ဒီပွဲမှာ  တစ်ဖက်တစ်ဂိုးစီလောက်ကနေ စကြည့်ရမဲ့ ပွဲစဉ်တစ်ပွဲဖြစ်သလို ဂိုးပေါ်ရွေးချယ်ဖို့  အကောင်းဆုံး ပွဲစဉ် ဖြစ်ပါတယ်။

◾ကက်ကလီယာရီ Vs အတ္တလန်တာ

တန်းဆင်းဇုန်နဲ့ နှစ်မှတ်သာ အသာရထားတဲ့ ကက်ကလီယာရီအသင်း အမှတ်သိပ်မကွာသေးတာအခြေအနေကြောင့် တန်းဆင်းဇုန် ဖိအားရှိနေတာဖြစ်ပါတယ်။ နောက်ဆုံးနှစ်ပွဲမှာ တစ်မှတ်သာရခဲ့သလို ဒီပွဲပြီးရင်လည်း အင်တာ ၊ ဂျူဗင်တပ်တို့နဲ့ ကစားရမှာ ဖြစ်တာကြောင့် အမှတ်ရနိုင်ခြေ နည်းပါတယ်။ ဒါကြောင့် အခုအိမ်ကွင်းပွဲမှာ အမှတ်ယူတတ်ဖို့ လိုပါတယ်။ အတ္တလန်တာအသင်းကလည်း ခြေစွမ်းကောင်းနေတဲ့ အသင်းဖြစ်ပြီး နာပိုလီအသင်းကို​တောင် အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ တစ်လုံးငါးဆယ်ဆိုတဲ့ ပေါက်ကြေးမှာ အတ္တလန်တာအသင်းကို ထိုးသားအများစု ရွေးချယ်လာနိုင်ပါတယ်။ အတ္တလန်တာအသင်းရဲ့ အောက်က လာဇီယိုအသင်း ရှုံးနိမ့်ခဲ့သလို ဒီပွဲပြီးရင် လီဗာပူးအသင်းရဲ့ အိမ်ကွင်းမှာ ယူရိုပါလိဂ်ပွဲစဉ်သွားကစားရမှာကြောင့် ဒီပွဲမှာ သရေတစ်ပေါက်ရှိနေတာ ဖြစ်ပါတယ်။ တစ်လုံးငါးဆယ်စားဆိုတဲ့ ခေါ်ကြေးမှာ အတ္တလန်တာ အသင်းကို ရဲရဲကြီး ဆန့်ကျင်ရမှာပါ။ အိမ်ရှင်ကက်ကလီယာရီအသင်း ပြားငါးဆယ်ထက် ပိုမရှုံးနိုင်သလို သရေကျဖို့ အခွင့်အရေးများနေတာ ဖြစ်တဲ့ အတွက် ကြေးအပြည့်စားရဖို့ သေချာသလောက် ရှိပါတယ်။ အိမ်ရှင် ကက်ကလီယာရီအသင်းကို ရွေးချယ်ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *