October 23, 2024

၁၂-၁၂-၂၀၂၂
Written By Naddy

ဂီတစာဆိုမောင်မျိုးသူ(ခ)ချစ်မင်းသူသို့ အမှတ်တရအလွမ်းပြေစာစုများ စာအုပ်မိတ်ဆက်ပွဲကို ဒီဇင်ဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီအချိန်က ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အမှတ် (၇)ရပ်ကွက် တော်ဝင်လမ်းရှိ တော်ဝင်မိုးကုတ်ဝိပဿနာ မင်္ဂလာကျောင်းတိုက်၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဆရာမကလျာငြိမ်းစံက အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့ပြီး စာရေးဆရာမကြီး ရွှေကူမေနှင်း၊ ဆရာရွှေမင်းသား၊ ဆရာမှော်ဝန်းကြည်မြတ်တို့က ဂီတစာဆိုဆရာမောင်မျိုးသူနှင့် အမှတ်တရများအား အသီးသီးပြောကြားခဲ့ကြပြီး ဆရာဦးမျိုးသူ၏ ဇနီးဖြစ်သူ ရောမ မရည်မွန်(ကျုံပျော်)က စာအုပ်ထုတ်ဝေဖြစ်ခဲ့ခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆရာကြီးပန်းချီထွန်းအောင်က ၎င်းရေးဆွဲပေးခဲ့သော စာအုပ်မျက်နှာဖုံးဒီဇိုင်းပန်းချီကားအား ဆရာမ မရည်မွန်(ကျုံပျော်)သို့ အမှတ်တရလက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်။

ဂီတစာဆိုမောင်မျိုးသူသည် စာပေရေးသားခြင်းသာမက တေးသီချင်းများစွာ ရေးသားခဲ့သည့်အပြင် ဗီဒီယိုဇာတ်ကားများကိုလည်း ရိုက်ကူးပေးခဲ့သူဖြစ်သည်။ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်က နှလုံးအဆိုရှင်ကျဉ်းသည့်ရောဂါ ကိုဗစ်ရောဂါ အသဲရောင်ရောဂါ အစာအိမ်ပေါက်ရောဂါများဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဂီတစာဆိုမောင်မျိုးသူ(ခ)ချစ်မင်းသူ သို့ အမှတ်တရအလွမ်းပြေစာစုများ စာအုပ်တွင် စာရေးဆရာအများအပြားပါဝင်ရေးသားထားကြောင်း၊ ပုဂ္ဂိုလ်ရေးခံစားချက်အနေဖြင့် အားလုံးဝိုင်းရေးထားကြ၍ အုပ်ရေ ၅၀၀ ရိုက်နှိပ်ထားကြောင်းစာရေးဆရာမ မရည်မွန်(ကျုံပျော်)က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *