October 20, 2024

၆. ၄. ၂၀၂၄
Written by Shwe Phyo

မလေးရှားအခြေစိုက် Axiata Group Bhd ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ၎င်းတို့ ဆက်သွယ်ရေးတာဝါလုပ်ငန်းကို လျှော့စျေးဖြင့် ပြန်လည်ရောင်းချသွားမည်ဖြစ်ကြောင်း မလေးရှားအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ မလေးရှားအခြေစိုက်ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ၎င်းတို့၏ တာဝါတိုင်လုပ်ငန်းကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖြင့် ရောင်းချဖွယ်ရှိနေသော်လည်း ဝယ်ယူသူ၏အမည်ကို အတိအကျဖော်ပြခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။

မလေးရှား Axiata Group Bhd သည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်းလုပ်ကိုင်နေသည့် Digicel Asia Holdings ကုမ္ပဏီထံမှ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ၂၀၁၅ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၂၅ သန်းဖြင့် ဝယ်ယူခဲ့သလို ၂၀၁၆ ခုနှစ်တွင်လည်း ရှယ်ယာ ၁၂ ဒသမ ၅ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၃၅ သန်းဖြင့်ဝယ်ယူခဲ့ကြောင်း သိရသည်။

Axiata Group Bhd သည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်းလုပ်ကိုင်နေသည့် Digicel Asia Holdings ကုမ္ပဏီထံမှ ရှယ်ယာစုစုပေါင်း ၈၇ ဒသမ ၅ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာသန်း ၁၆၀ ဖြင့် ဝယ်ယူခဲ့သော်လည်း လက်ရှိအချိန်တွင် မလေးရှားအခြေစိုက်ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် လုပ်ငန်းလုပ်ကိုင်မှုကို ပြန်ရုပ်သိမ်းရန်ဆုံးဖြတ်ခဲ့ပြီး တာဝါတိုင်လုပ်ငန်းကို လျှော့စျေးဖြင့် ပြန်လည်ရောင်းချရန် စီစဉ်လာခြင်းဖြစ်သည်။

Axiata Group Bhd က ” မြန်မာနိုင်ငံရဲ့မိုက်ခရို စီးပွားရေး ယိုယွင်းလာခြင်းနဲ့ လုပ်ငန်းများလုပ်ကိုင်ရမှုအခြေအနေများကြောင့် မြန်မာနိုင်ငံက ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟုပြောသည်။

REF Thestar

Leave a Reply

Your email address will not be published. Required fields are marked *