October 21, 2024

၆.၄.၂၀၂၄
Written by TZ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွေဘိုမြို့၊ မင်းကုန်းကျေးရွာအနီးတွင် ရပ်တန့်စစ်ဆေးခြင်း ခံယူမှုမရှိသည့် မော်တော်ယာဥ်နှင့်မော်တော်ဆိုင်ကယ်အား လုံခြုံရေးအဖွဲ့မှ လိုက်လံပစ်ခတ်ရာ PDF (၁) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၅ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် မင်းကုန်းကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့​ဝင်များမှ လူ/ယာဉ်များကို စစ်ဆေးမှုများပြုလုပ်နေစဥ် မော်တော်ယာဉ် ၁ စီးနှင့် ဆိုင်ကယ် ၁ စီးတို့မှ စစ်ဆေးခြင်းမခံဘဲ မောင်းနှင်ထွက်ပြေးခဲ့သည်။

မောင်းနှင်ထွက်ပြေးသွားသည့် ယာဥ်နှစ်စီးကို လိုက်လံပစ်ခတ်ရာ PDF အလောင်း(၁) လောင်း၊ ၁၂ ဗို့ကျည် ၅ တောင့်၊ ကား ၁ စီး၊ ဆိုင်ကယ် ၂ စီး၊ PDF အလံ ၁ ထည်၊ ယာဉ်နံပတ်ပြား ၁ ခု၊ ယာယီမှတ်ပုံတင်လက်မှတ် ၁ ခု၊စကားပြောစက် ၂ ခုနှင့်အတူ ဒီတိုနေတာ ၁ ခုတို့အား သိမ်းဆည်းရရှိကြောင်း သိရသည်။

အလားတူ ဧပြီလ ၅ ရက် နံနက် ၁၀ နာရီအချိန်တွင်လည်း ရွှေဘိုမြို့၊ တောင်တင်းရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားပြီး PDF များ၏ လက်နက်ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိခဲ့သည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *