October 21, 2024

၆.၄.၂၀၂၄
Written by TZ

မီးဖွားပြီးစ သားသည်မိခင်တစ်ဦးသည် နမ့်ပန်ဆေးရုံသို့ ဆေးကုသရန်အတွက် လူမှုကူညီရေးအသင်းယာဥ်ဖြင့် ထွက်ခွာလာစဥ် လမ်းခရီးတွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ညောင်ရွှေမြို့၊ မှော်ဘီအဝိုင်းဂိတ်အရောက်တွင် ၆ ရက်သားအရွယ် ကလေးငယ်မှာ သေဆုံးပြီး မိခင်မှာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဧပြီလ ၅ ရက်နေ့တွင် လွယ်ပေါကျေးရွာ၌ စစ်ဘေးရှောင်ရင်းကလေးငယ်နှင့်မိခင်မှာ ဆေးကုသရန်လိုအပ်လာသည့်အတွက် ဒေသခံလူမှုကူညီရေးအသင်းမှ နမ့်ပန့်ဆေးရုံသို့ လိုက်ပို့သော့လည်း လမ်းတွင်တိုက်ပွဲများဖြစ်ပွားနေသောကြောင့် အချိန်လင့်သွား၍ ၆ ရက်သားအရွယ်ကလေးငယ်မှာ ဆေးကုသမှုမခံယူနိုင်ဘဲ သေဆုံးခဲ့ရခြင်းဖြစ်သည်။

“လမ်းမှာလည်း တိုက်ပွဲတွေဖြစ်တယ်။ ပြီးတော့ လမ်းကလည်းကြမ်းတယ်။ ကလေးက ရက်သားလေးရှိသေးတယ်။ ကျွန်တော်တို့ အတတ်နိုင်ဆုံးမောင်းသေးတယ်။ မှော်ဘီအဝိုင်း စစ်တပ်ဂိတ်နားလည်းရောက်ကော ကလေးကအသက်မရှိတော့ဘူး။ မိခင်ကတော့ နမ့်ပန်ဆေးရုံမှာ ဆေးကုသမူခံယူနေတယ်” ဟု ဒေသခံလူမှုကူညီရေးအသင်းထံသို့ MT news မှ ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားသည်။

ထိုသေဆုံးသည့် ၆ ရက်သားအရွယ် ကလေးငယ်မှာ ယောကျာ်းလေးဖြစ်ပြီး၊ လက်ရှိတွင် မိခင်ဖြစ်သူမှာ နမ့်ပန်ဆေးရုံတွင် ဆေးကုသမှုခံယူနေကာ ၎င်းတို့မှာ ဆီဆိုင်မြို့၊ နောင်တိမ်ကျေးရွာတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *