October 21, 2024

၆. ၄. ၂၀၂၄
Written by TZ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ တောင်တင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး PDF များ၏ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၅ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဥ် ရွှေဘိုမြို့နယ် တောင်တင်းကျေးရွာအနီး၌ PDF များနှင့်လုံခြုံရေးတပ်ဖွဲ့တို့အပြန်အလှန်ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်ရာတွင် PDF များကိုင်ဆောင်သည့် လက်လုပ်သေနတ်အရှည် ၅ လက်၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်အိမ် ၁ ခု၊ ပြောက်ကျားယူနီဖောင်း ၅ စုံ၊ ဓာတ်ခဲ ၁၀ လုံး၊ မိုင်းဖျူ့စ် ၁၀ ခု၊ ယမ်းကြိုး ၂ ခွေ၊ လူနေတဲ ၅ လုံးနှင့်အတူ ပစ်ကျင်း ၂ ကျင်းတို့ တွေ့ရှ်ိ သိမ်းဆည်းရမိကြောင်း သိရသည်။

အလားတူ ဧပြီလ ၅ ရက်နေ့တွင်ပင် မုံရွာမြို့၌ ရပ်တန့်စစ်ဆေးခြင်းမခံသည့် ယာဥ် ( ၂) နှစ်စီးအား လိုက်လံပစ်ခတ်ရာမှာ PDF ( ၂) လောင်း၊ အရှင် ( ၂) ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *