October 18, 2024

MT News
၅. ၅. ၂၀၂၄

AFC Futsal Asian Cup 2024 ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိတဲ့ ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းဟာ ဒီနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆီ ထွက်ခွာသွားခဲ့ပြီး ဒီညနေမှာတော့ စတင်လေ့ကျင့်နေပြီဖြစ်ပါတယ်။

ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ အုပ်ချုပ်နည်းပြ ၁၀ ဦး၊ ကစားသမား ၁၇ ဦးနဲ့ ထိုင်းနိုင်ငံဆီ ထွက်ခွာသွားခဲ့တာဖြစ်ပြီး ဧပြီလ ၆ ရက်မှာ ကူဝိတ်အသင်း၊ ၁၀ ရက်နေ့မှာ ကာဂျစ်စတန်အသင်းတွေနဲ့ ခြေစမ်းပွဲ ထပ်မံ ယှဉ်ပြိုင်ကစားရမှာပါ။

ပဏာမ မြန်မာ့လက်ရွေးစင် အသင်းဟာ AFC Futsal Asian Cup 2024 ပြိုင်ပွဲမှာ အုပ်စု (က) ထဲ ကျရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဧပြီ ၁၇ ရက်မှာ ဗီယက်နမ်အသင်း၊ ဧပြီ ၁၉ ရက်မှာ အိမ်ရှင် ထိုင်းအသင်း၊ ဧပြီ ၂၁ ရက်မှာ တရုတ်အသင်းနဲ့ အုပ်စုပွဲစဉ်တွေ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *