၅.၄.၂၀၂၄
Written By Thandar
ဂျပန်နိုင်ငံက ထုတ်လုပ်တဲ့ Meiko Skincare & Cosmetics ထုတ်ကုန်တွေကို မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချိနေတဲ့ Ledo Holding Company Ltd.က စာရေးဆရာမ ဒေါက်တာငွေတီဦးကို Revival Rose Brand Ambassador အဖြစ် ဂုဏ်ပြုခန့်အပ်ပွဲ အခမ်းအနားကို ယနေ့ ဧပြီ ၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။
“ဂျပန်နိုင်ငံ Meiko ထုတ်ကုန် လွန်ခဲ့တဲ့ ၁ လကျော်လောက်က စတင်ပြီး စိတ်ဝင်တစားသုံးစွဲခဲ့ပါတယ်။ ဒီ Product လေးကို ကြိုက်နှစ်သက်တဲ့အပြင် ကျွန်မကို ဆွဲဆောင်နိုင်တာကတော့ တခြားသောအချက်လေးတွေရှိတာကြောင့် ဒီ Brand ရဲ့ Ambassador တစ်ယောက်အဖြစ် လက်ခံဖို့ဖြစ်လာတာပါ။ ပထမဦးဆုံး ကျွန်မကိုဆွဲဆောင်တာက Product နာမည်လေးကြောင့် Revival Rose သဘောကျပြီး လက်ခံဖြစ်တာပါ။ ကျွန်မအကြိုက်ဆုံးပန်းကလည်း နှင်းဆီပန်းပါ။ နှင်းဆီတောင် ရိုးရိုးနှင်းဆီမဟုတ်ဘဲ တဖန်ပြန်ပြီး နိုးထလာတဲ့ နှင်းဆီပန်းဆိုတော့ မိန်းကလေးဆိုတော့ သဘောကျခဲ့တယ်။ Product quality ကလည်း ကောင်းမွန်တာကြောင့် Ambassador အနေနဲ့ဆောင်ရွက်ဖြစ်တာပါ”လို့ ဒေါက်တာငွေတီဦးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ အခမ်းအနားကို အကယ်ဒမီ စိုးမြတ်သူဇာ ၊ Ledo Holding Company Ltd.ကဘတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ Revival Rose Brand က တိုနာ ၊ နို့ရည် ၊ ခရင်မ် ၊ အက်ဆန့် ၊ ပရိုင်မာ ၅ မျိုးပေါင်းစပ်ထားတဲ့ Moist Rich Gel ၊ Mild Meringue Wash ၊ သဘာဝသစ်သီး သစ်ဖု ပန်းမန်အဆီ ၇ မျိုးနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ အရည်အသွေးမြင့်အလှဆီ Premium Plant Oil ဆိုပြီး Skincare products ၃ မျိုးကို ထုတ်လုပ်ထားတာဖြစ်ပါတယ်။
Meiko Skincare & Cosmetics ထုတ်ကုန်တွေက ၁၉၄၈ ခုနှစ်က စတင်ပြီး ဂျပန်နိုင်ငံပြည်တွင်းသုံး အနေနဲ့ အရည်အသွေးမြင့်မားစွာ ထုတ်လုပ်ဖြန့်ချိရောင်းချလျက်ရှိကာ Ledo Holding Company Limited က ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံမှာ Meiko အလှကုန်တွေကို စတင်မိတ်ဆက်ပေးခဲ့တယ်လို့သိရပါတယ်။