၅.၄.၂၀၂၄
Written by TZ
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ ကမာဆိုင်ကျေးရွာနှင့် တောင်စွန်းကျေးရွာအကြား၊ မိုင်တိုင်အမှတ် ၇၄ နှင့် ၇၅ ကြားရှိ မီးရထားလမ်းတံတား၌ KNU/PDF များ မိုင်း ထောင်ထားသည်ဟု သတင်းရရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့က ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
ရထားလမ်းကို ဖျက်ဆီးရန် KNU/PDF များက ပုံးအဝါနှင့်အပြည့်ထည့်ထားသည့် Amonium Nitrate များနှင့် TNT ယမ်းအားပြင်း ၂ ထုပ်၊ ယမ်းကြိုးခွေများ ၊ ဓာတ်ခဲများနှင့် အဝေးမှဖောက်ခွဲဖျက်ဆီးမည့် လမ်းလျှောက်စကားပြောစက် ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်ဖျက်ဆီးသူများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ မတ်လ ၁၈ ရက်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၅၂) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့သည်။