
MT News
ကယ်လီဖိုနီးယားပြည်နယ်ရှိ မြန်မာစီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများဆိုင်ရာ Workshop ကို လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် William Stephanie Foundation တို့ ပူးတွဲ၍ Myanmar Business Community Workshop တစ်ရပ်အား ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပနိုင်ရေး ညှိုနှိုင်းစီစဉ်နေသည်ဟု LA ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကြေညာထားသည်။
Workshop တွင် ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး စတင်လုပ်ကိုင်လိုသူများ ရရှိနိုင်မည့် ချေးငွေများ၊ သွင်းကုန်/ ပို့ကုန်ဆိုင်ရာ သိကောင်းစရာများ၊ ဈေးကွက်ရှာဖွေခြင်းနှင့် e-commerce၊ မြန်မာနိုင်ငံမှ SME များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများကို မျှဝေဆွေးနွေးမည်ဖြစ်သည်။
ဆွေးနွေးပွဲတက်ရောက်လိုသူများအနေဖြင့် အမည်၊ လုပ်ကိုင်သည့်/ လုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းသိရှိလိုသည့်အချက်အလက်ဆက်သွယ်နိုင်မည့် နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်များကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ အီးမေးလ်ဖြစ်သည့် myancgla@gmail.com သို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပြီး မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ပုဂ္ဂလိကသတင်းအချက်အလက်များ လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်သွားမည်ဖြစ်ကာ အသေးစိတ်အစီအစဉ်များအား ပေးပို့သည့် လိပ်စာများသို့ ဆက်လက် အကြောင်းကြားသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။