October 20, 2024

၅.၄. ၂၀၂၄
Written by Hey Mar

ဘတ္ထရီစက်ဘီးကို နေအိမ်မှာ အားသွင်းထားခဲ့ရာက ရှော့ခ်ဖြစ်ပြီး ဘတ္ထရီပေါက်ကွဲကာ နေအိမ်ပါ မီးလောင်ခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဧပြီ ၅ ရက်နေ့ မွန်းတည့်ချိန်က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အောင်ဇေယျာလမ်းထဲမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်မှုဖြစ်စဥ်ကို မြို့နယ် မီးသတ်တပ်ဖွဲ့နဲ့အတူ၊ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းတွေထဲကတစ်သင်းဖြစ်တဲ့ အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်းတာဝန်ရှိသူက “ရပ်ကွက်ထဲက ကျူးအိမ်လောင်တာပါ။ တစ်အိမ်တည်းပဲ ပျက်စီးပါတယ်။ မီးကလည်း ဒီမှာက လာလိုက် ပျက်လိုက်နဲ့ ဖြစ်နေတာရော။ နောက်ပြီး ဆိုလာနဲ့ အားသွင်းပုံရတယ်။ သူတို့က လူမရှိတော့ ဝါယာရှော့ခ်ဖြစ်ပြီးလောင်တာ” လို့ MT News ကို ပြောပါတယ်။

မီးလောင်မှုကြောင့် သွပ်မိုး ပျဥ်ကာ ပျဥ်ခင်း အိမ်တစ်လုံးပျက်စီးခဲ့ပြီး အိမ်ရှင်ဖြစ်သူကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းမှုတွေဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အခုအခါ ပူပြင်းခြောက်သွေ့တဲ့နွေရာသီကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် မီးမတော်တဆမှုတွေကြောင့် တိုက်တာအိုးအိမ်တွေ မဆုံးရှုံးရအောင် လျှပ်စစ်မီးအစားထိုး ဆိုလာစနစ် အသုံးပြုသူတွေအတွက်လည်း ဆိုလာပြားကနေ မီးလောင်ခြင်းတွေ မဖြစ်ပွရအောင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကမြို့နယ်၊ ရပ်ကွက်တွေအတွင်း ကွင်းဆင်းကာ အသိပညာမျှဝေပေးတာတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။

ဆိုလာမီး အသုံးပြုတဲ့အခါ Controller ခံသုံးဖို့၊ အဝင်ကြိုးကို သတ်မှတ်ထားတဲ့ Original ဝါယာကြိုးကိုသာအသုံးပြုဖို့၊ အိမ်မှာ လူမရှိအခါ Controller or breaker main switch ပိတ်ထားဖို့၊ ဘတ္ထရီမှာ အားအဝင်များပြီး အသုံးမပြုနိုင်တဲ့ အခါမျိုးမှာ မီးလောင်မှုတွေ မဖြစ်ပွားရလေအောင် ဆိုလာအဝင်ကြိုးကို Breaker နဲ့ Controller ခံထားဖို့၊ နေပူပြင်းတဲ့နွေရာသီအချိန်ကာလမျိုးတွေမှာ ဆိုလာပြားနဲ့ ဘတ္ထရီအိုးကြား ချိတ်ဆက်အသုံးပြုတဲ့ ဆိုလာဝိုင်ယာကြိုးကို နေအပူဒဏ်ခံနိုင်ဖို့နဲ့ အပူချိန်မလွန်ကဲစေဖို့ ပိုက်လုံးထဲထည့်ပြီး အ သုံးပြုဖို့ စတဲ့ ဆောင်ရန် ရှောင်ရန်တွေကိုလည်း ထုတ်ပြန်ကြေညာထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *