October 20, 2024

၅. ၄. ၂၀၂၄
Written by TZ

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ရွှေရောင်ပြကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမ၊ မိုင်တိုင်အမှတ် ၁၃၁/၁ နှင့် ၁၃၁/၂ ကြားတွင် “အောင်ကျော်မိုး”ခရီးသည်ယာဥ်ကို KNU/PDF များမှ မိုင်းခွဲ၍ သေနတ်ဖြင့်ပစ်ရာ ၁ ဦးသေပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၄ ရက် ည ၉ နာရီဝန်းကျင်တွင် ရေးမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသည့် “အောင်ကျော်မိုး” ခရီးသည်ယာဥ်ကို KNU/PDF များမှ မိုင်းခွဲ၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးအဆိုပါဖြစ်စဥ်အပေါ် MT News မှ ကူညီပေးသည့် ဒေသခံလူမှုကူညီရေးအသင်းသို့ ဆက်သွယ်မေးမြန်းရာ “စုစုပေါင်း ၅ ယောက်ဒဏ်ရာရတာ။ အဲ့ဒီထဲမှာ ယာဥ်နောက်လိုက်က သေတယ်။ ကျန်အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသား ၃ ယောက်ဒဏ်ရာရ။ ယာဥ်ပေါ်မှာလိုက်ပါတဲ့ သူက ၃၅ ယောက်လိုက်ပါလာတယ်” ဟု ဖြေကြားသည်။

KNU/PDF များ၏ ပစ်ခတ်မူ့ကြောင့် ယာဥ်နောက်လိုက်ဖြစ်သူ အသက်( ၂၃) နှစ်အရွယ် ဇင်ကိုလတ်မှာ လည်ပင်းကျည်ထိမှန်၍ သေဆုံးခဲ့ကြောင်း၊ ၎င်း၏ရုပ်အလောင်းကို သိမ်ဆိပ်တိုက်နယ်သို့ပို့ဆောင်ပြီး၊ ဒဏ်ရာရရှိသူများကို သထုံပြည်သု့ဆေးရုံကြီးသို့ ဒေသခံလူမှုကူညီရေးအသင်းမှပို့ဆောင်လိုက်ကြောင်း သိရသည်။

ပုံစာ။ KNU/ PDF လက်နက်ကိုင်များကို ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ် တွေ့ရသည့် မြင်ကွင်း(ပုံအဟောင်းအသုံးပြုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *