October 20, 2024

၅.၄.၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဆူရတ်သာနီပြည်နယ်ရှိ ခိုတောင်ကျွန်းကမ်းခြေမှ ရေမိုင် နှစ်မိုင်မှ သုံးမိုင်အထိကွာဝေးရာ ပင်လယ်ပြင်၌ ဧပြီ ၄ ရက်၊ ဒေသစံတော်ချိန် နံနက် ၇ နာရီခန့်က ပင်လယ်ပြင်ညအိပ်သင်္ဘောတစ်စီး မီးလောင်မှု ဖြစ်ပွားရာတွင် ခရီးသည် ၁၀ ဦးဒဏ်ရာရရှိ၍ ဆေးရုံတင်ထားရကြောင်း ဧပြီလ ၅ ရက် သတင်းများကဖော်ပြခဲ့ကြသည်။

သင်္ဘောပေါ်တွင် ထိုင်းနှင့် နိုင်ငံခြားသားခရီးသည် ၉၇ ဦးနှင့် သင်္ဘောအမှုထမ်း ၁၁ ဦးလိုက်ပါလာကြရာ ၎င်းတို့ အားလုံးကို နံနက် ၈ နာရီတွင် ကမ်းခြေသို့ပို့ပေးနိုင်ခဲ့သည်။ သင်္ဘောမီးလောင်မှုကို နံနက် ၈ နာရီ ၂၀ တွင် ထိန်းချုပ်နိုင်ခဲ့ကြောင်းသိရသည်။ ဒဏ်ရာရ ခရီးသည် ၁၀ ဦးကို ခိုတောင်ကျွန်းဆေးရုံသို့တင်ပို့ခဲ့ရသည်။ ၎င်းတို့အနက်ခရီးသည်ကိုးဦးက သင်္ဘောမီးလောင်စဉ် မီးခိုးငွေ့များရှုရှိုက်မိခဲ့သည့် လက္ခဏာများကိုတွေ့ရှိရပြီး ကျန် မြန်မာအလုပ်သမားတစ်ဦးမှာမူ သင်္ဘောပေါ်က ခုန်ချရာမှ လက်ကျိုးခဲ့ရခြင်းဟု သတင်းများကဆိုသည်။

မီးကိုထိန်းသိမ်းနိုင်ခဲ့ပြီးနောက်၌ပင် သင်္ဘောအတွင်းဘက်၌ အပူရှိန် များစွာမြင့်နေသေး၍ မီးလောင်မှု အပေါ် စုံစမ်းစစ်ဆေးရာတွင် အခက်အခဲများရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။ ရဲတပ်ဖွဲ့အနေဖြင့် မီးလောင်မှုနောက်ကွယ်မှ အကြောင်းရင်းနှင့် မည်သူကြောင့်ဆိုသည်ကို သက်သေအထောက်အထားများ ရှာဖွေနေကြောင်းလည်း ပြောခဲ့သည်။

Ref-Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *