October 20, 2024

၅. ၄. ၂၀၂၄
Written by Pan Ei

၂၀၂၄ ခုနှစ်ကတော့ တောင်ကိုရီးယားက အနုပညာရှင်တွေရဲ့ အချစ်ရေးသတင်းတွေ အတော်လေးကို ထွက်ရှိနေတဲ့ နှစ်လို့ ပြောရမလိုဖြစ်နေကာ အခုအခါမှာလည်း တောင်ကိုရီးယားက အောင်မြင်အကျော်ကြားဆုံး အမျိုးသမီး အဆိုတော်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ Twice ရဲ့အဖွဲ့ဝင် Chaeyoung နဲ့ နာမည်ကြီး R&B အဆိုတော် Zion. T တို့ တွဲနေကြတယ်ဆိုတဲ့ သတင်းတွေ မနေ့က ထွက်ရှိလာခဲ့ပါတယ်။

ကိုရီးယားမီဒီယာတစ်ခုဖြစ်တဲ့ SWAY က Chaeyoung နဲ့ Zion. T တို့နှစ်ဦးရဲ့ အချစ်ရေးသတင်းကို စတင်ဖော်ပြခဲ့ခြင်းဖြစ်ကာ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေ မိတ်ဆက်ပေးပြီးနောက် စုံတွဲဖြစ်လာကြောင်း ဖော်ပြခဲ့ပါတယ်။ အဲ့ဒီနောက် အနုပညာရှင်နှစ်ဦးရဲ့အေဂျင်စီတွေဖြစ်ကြတဲ့ Black Label နဲ့ JYP အင်တာတိန်းမန့်တို့က အဆိုပါသတင်းကို သီးခြားစီ အတည်ပြုပေးခဲ့ပြီး သတင်းတွေအရတော့ သူတို့နှစ်ဦး တွဲနေတာ ခြောက်လလောက်ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

TWICE အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Jihyo နဲ့ အိုလံပစ်ရွှေတံဆိပ်ရှင် Yun Sung Bin တို့ အချစ်ရေးသတင်း ထွက်ရှိပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ Chaeyoung ရဲ့ ဒီသတင်းက ထွက်ပေါ်လာခဲ့တာဖြစ်ကာ TWICE ဟာ နာမည်ကြီး အဖွဲ့ဖြစ်တာကြောင့် အဖွဲ့ဝင်တွေရဲ့ အချစ်ရေးသတင်းက ဂီတနယ်ပယ်ကို တုန်လှုပ်စေနိုင်ခဲ့ပေမဲ့ ပရိသတ်တွေဆီကနေ အပြုသဘောမဆောင်တဲ့ လုပ်ရပ်တွေကိုတော့ မတွေ့ရှိရဘဲ အရင်ကပရိသတ်တွေအကြား အငြင်းပွားမှုတွေ၊ ဝေဖန်မှုတွေ ဖြစ်စေခဲ့တဲ့ Aespa အဖွဲ့ဝင် Karina နဲ့ မင်းသမီး Han So Hee တို့ အချစ်ရေးသတင်းတွေ ထွက်ပေါ်ခဲ့တုန်းက အခြေအနေတွေနဲ့တော့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် Chaeyoung နဲ့ အသက် ၃၄ နှစ်အရွယ် Zion. T တို့ဟာ အသက်ကွာဟချက် ကိုးနှစ်ရှိပြီး Chaeyoung က ၂၀၁၅ ခုနှစ်မှာ Twice အဖွဲ့နဲ့အတူ ပွဲဦးထွက်ခဲ့ကာ Zion. T က ၂၀၁၁ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပြီး “Yanghwa BRDG”၊ “No Make Up” နဲ့ “Eat” တို့လိုမျိုး နာမည်ကြီးသီချင်းတွေရဲ့ အဆိုရှင်ဖြစ်သလို သူ့ရဲ့တတိယမြောက်အယ်လ်ဘမ်ကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ထွက်ရှိခဲ့ပါတယ်။

Ref; Soompi

Leave a Reply

Your email address will not be published. Required fields are marked *