October 20, 2024

၅. ၄. ၂၀၂၄
Written by TZ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ အ-ထ-က ( ၁) လမ်းနှင့် သုခိတာလမ်းဆုံ KBZ bank အနီးတွင် ဆေးရုံပြရန်မောင်းနှင်လာသည့်ယာဥ်ကို အိမ်စီးယာဥ်က အရှိန်လွန်၍ တိုက်မိရာမှ ၇ ဦးဒဏ်ရာရရှိခဲ့မှု ဧပြီ ၅ ရက်ကူးစ ည ၁၂ နာရီ ၄၅ မိနစ်ခန့် အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ကူညီပေးခဲ့သည့် ပရဟိတမင်းခေါင်အဖွဲ့မှ သိရသည်။

“မကွေးဆေးရုံကို ဆေးပြတဲ့ ကားနဲ့ အိမ်စီးကားတို့တိုက်မိတာ။ ဆေးပြတဲ့ကားက သူ့လမ်းကြောင်းတိုင်းမောင်းလာတာ။ အဲ့ဒီမှာလမ်းကြားကနေ ဖြတ်မောင်းလာတဲ့ အိမ်စီးကားက တိုက်မိတာ။ ယာဥ်နှစ်စီးလုံးပေါ်က လိုက်ပါလာတဲ့ ၇ ယောက်ဒဏ်ရာရတယ်။ အဲ့ဒီအထဲမှာ ၄ ယောက်က ဒူးပွင့်၊ ခြေသလုံးပွင့် ဒဏ်ရာပြင်းတယ်။ ကျန် ၃ ယောက်ကတော့ ပွန်းပဲ့ဒဏ်ရာပဲရတာ”ဟု ပရဟိတမင်းခေါင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT New သို့ ဖြေဆိုသည်။

ထိုယာဥ်နှစ်စီးတိုက်မူကြောင့် ဒဏ်ရာရရှိသူများကို မကွေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – ပရဟိတမင်းခေါင်အဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *