October 20, 2024

၅. ၄. ၂၀၂၄
Written by KL

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ပုထိုးကျေးရွာတွင် ဧပြီလ ၄ ရက် ည ၉ နာရီခွဲခန့်က လင်မယားနှစ်ဦးရန်ဖြစ်ရင်း ကွပ်ပျစ်ကို မီးရှို့ရာမှ လူနေအိမ် ၄ လုံးနှင့် နွားတင်းကုပ် ၁ ခု မီးလောင်ဆုံးရှုံးခဲ့ကြောင်း ​မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မကွေးတိုင်းဒေသကြီးထံမှ သိရသည်။

“မီးလောင်ရတဲ့ အကြောင်းအရင်းကတော့ လင်မယားနှစ်ယောက် စကားများရန်ဖြစ်ပြီး ယောကျာ်းက အိမ်ရှေ့ကွပ်ပျစ်ကိုမီးစရှို့ပြီး နေအိမ်တွေကို ကူးစက်လောင်သွားတာ၊ ရှို့မီးပေါ့” မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မကွေးတိုင်းဒေသကြီးမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါမီးလောင်မှုကြောင့် နေအိမ် ၄ လုံးအပြင် နွားတင်းကုပ် ၁ ခုပါ မီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးဘေးသင့်သူများကို ကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ရွှေ့ပြောင်း နေထိုင်လျက်ရှိကြောင်း သိရသည်။

မီးလောင်မှုကို မကွေးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ်နှင့် ရေသယ်ယာဥ်များ မီးသတ်တပ်ဖွဲ့ဝင်များနှင့်မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မကွေးတိုင်းဒေသကြီးမှ အဖွဲ့ဝင် ၅ ဦး၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *