October 20, 2024

၄. ၄. ၂၀၂၄
Written by Shwe Phyo

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ရှင်နာဝါထရာကို မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ၏အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရမည်ဆိုသော သတင်းများအား ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆန်ပယ်ချလိုက်ကြောင်း ထိုင်းအခြေစိုက်သတင်းများတွင်ဖော်ပြထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဖြစ်သော ပမ်ပရီ ဘာဟစ်ဒဟာ နုကာရာက ဝန်ကြီးချုပ်ဟောင်း ယင်လက်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်မည်ဆိုသောသတင်းက April Fools နေ့တွင်နောက်ပြောင်ကျီစယ်မှုတစ်ခုသာဖြစ်နိုင်ကြောင်းပြောသည်။

လက်ရှိအချိန် ထိုင်းနိုင်ငံ၌ အခြေစိုက်ထားသော ဧရာဝတီသတင်းဌာနက ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖွယ်ရှိနေသည်ဟု ဧပြီ ၁ ရက်နေ့တွင်ရေးသားဖော်ပြခဲ့ပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံးကလည်း တရားဝင်အတည်ပြုခြင်းမျိုးမရှိသေးကြောင်း၊ အဆိုပါသတင်းမှန်ကန်မှုရှိမရှိဆိုသောအချက်က သံသယဖြစ်စရာများနေကြောင်း၊ လက်ရှိအချိန်တွင် ဝန်ကြီးချုပ်ဟောင်း ယင်လက်သတင်းနှင့်ပတ်သက်ပြီး အတည်ပြု မရနိုင်သေးကြောင်း နုကာရာက ပြောသည်။

ယင်လက်သည် ၂၀၁၄ ခုနှစ်က အာဏာသိမ်းခံရပြီးနောက်ပိုင်းတည်းက ပြည်ပြေးအဖြစ် ပြည်ပတွင် လက်ရှိအချိန်အထိ နေထိုင်နေသူဖြစ်ပြီး အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်အတိုင်း မိခင်နိုင်ငံသို့ ပြန်လာခွင့်ရရှိစေရန် ကြိုးပမ်းနေသူဖြစ်သည်။ ယင်လက်သည် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်းအကျင့်ပျက်လာဘ်စားမှုများအပါအဝင် အခြားစွဲချက်များနှင့်ရင်ဆိုင်နေရပြီး ပြည်ပြေးအဖြစ်နေထိုင်နေရသူဖြစ်သည်။

REF aseannow

Leave a Reply

Your email address will not be published. Required fields are marked *