October 20, 2024

၄.၄.၂၀၂၄
Written by KL

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ၊ S အကွေ့မှာ ဇနီးမောင်နှံ၂ ဦး သေနတ်နဲ့ပစ်ခတ်ပြီး လုယက်ခံရလို့ ၂ ဦးစလုံး သေဆုံးခဲ့မှု ဧပြီလ ၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ဆိုင်ကယ်စီးလာတဲ့ အသက် ၄၀ ကျော် ဇနီးမောင်နှံ၂ဦးဟာ ဧပြီလ ၄ ရက် နံနက် ၅ နာရီကျော်ကခြံလုပ်ငန်း လုပ်ဖို့သွားရင်းကနေ သေနတ်နဲ့ပစ်ခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ​ပြောပါတယ်။

သေနတ်ပစ်ခံရတဲ့ ခင်ပွန်းဟာ လည်ပင်းမှာ ကျည်တစ်ချက်ဒဏ်ရာ၊ ဘယ်ခြမ်းပါးကွဲဒဏ်ရာ​တွေနဲ့ နေရာမှာပဲ​ သေဆုံးခဲ့ပြီး ဇနီးသည်မှာတော့ ကျောကုန်းပေါက်ထွက်ဒဏ်ရာ၊ ဘယ်ဘက်ရင်အုံပေါက်ထွက်ဒဏ်ရာတွေနဲ့ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးကို တင်ပို့ကုသနေစဥ် သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးသွားရောက်လုပ်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ကချင်ပြည်နယ်ထံကနေ သိရပါတယ်။

“ကျွန်တော်တို့ အဖွဲ့သွားတော့ အမျိုးသားက နေရာမှာတင် သေဆုံးနေပြီ။ အမျိုးသမီးကတော့ ဒဏ်ရာတွေပြင်းတယ်။ ဆေးရုံရောက်ပြီး တစ်နာရီအကြာမှာပဲ ဆုံးသွားတယ်”လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ကချင် ပြည်နယ် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဆိုင်ကယ်စီးလာတဲ့ဇနီးမောင်နှံမှာ ငွေကျပ် သိန်း ၂၀၀ ပါလာတာကြောင့် လုယက်ဖို့ကြိုးစားရင်း အသတ်ခံရတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေနဲ့ပတ်သက်လို့ အခုလက်တလောအထိတော့ လူနာရှင် မတွေ့သေးဘူးလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *