October 21, 2024

၄. ၄. ၂၀၂၄
Written by Thin Zar

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ ( ၄) ရပ်ကွက်၊ ပုတောက်ရွှေဝါ (၆)လမ်းတွင် မတ်လ ၃ ရက် ည ၈ နာရီ ၂ မိနစ်ခန့် အချိန်တွင် သမီးယောက်ဖအချင်းအချင်း ရန်ဖြစ်စကားများရာမှ ဓားထိုးမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

“ထိုးတဲ့သူက ညတွင်းချင်းထွက်ပြေးသွားတယ်။ ထွက်ပြေးလည်း မလွတ်ပါဘူး။ ဘယ်သူထိုးတယ်ဆိုတာ သိလို့လေ။ ဘယ်ကိစ္စကြောင့် ဖြစ်လည်းမသိဘူး။ သူတို့က သမီးယောက်ဖတော်စပ်တယ်”ဟု မုဒုံမြို့တွင် နေထိုင်သူဒေသခံတစ်ဦးက ဆိုသည်။

ကျုးလွန်သည့် သမီးယောက်ဖတော်စပ်သူ အသက် (၄၅) နှစ်အရွယ် တင်စိုး (ခ) အညာမှာ လက်ရှိအချိန်တွင် ထွက်ပြေးလွတ်မြောက်နေပြီး၊ ဓားထိုးခံရသူ အသက် (၂၃) နှစ်အရွယ် သန်းဝင်းအောင်(ခ) ငပြူးမှာ ညာဘက်နံရိုးတွင် ၃ လက်မကျော်ထိ ဒဏ်ရာမှာ နက်သွားကြောင်း သိရသည်။

ဖြစ်စဥ်နေရာသို့ သွားရောက်ကူညီပေးသည့် မြန်မာ့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို MT New က ဆက်သွယ်မေးမြန်းရာ”၃ လက်မခွဲလောက် နက်တယ်။ အသက်တော့ ရှင်သေးတယ်။ ဒဏ်ရာက တော်တော်စိုးရိမ်ရတယ်”ဟုဆိုသည်။

လက်ရှိတွင် ဓားထိုးခံရသူကို မုဒုံပြည်သူ့ဆေးရုံမှ မော်လမြိုင်ပြည်နယ်ဆေးကုံကြီးသို့ ဆေးကုသရန်ပို့ဆောင်ထားကြောင်း သိရသည်။

ဓာတ်ပုံ – မြန်မာ့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *