October 21, 2024

၄. ၄. ၂၀၂၄
Written By Thandar

အူရီဒူးမြန်မာက မြန်မာ့နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ နေ့စဉ်လူမှုဘဝမှာ အဓိကအရေးပါတဲ့ အခြေခံ စားသောက်ကုန်တွေကို နိုင်ငံတဝှမ်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ၊ သီလရှင်စာသင်တိုက်တွေ၊ မိဘမဲ့ဂေဟာတွေ စတာတွေကို လိုအပ်နေတဲ့နေရာ ပေးပို့လှူဒါန်းနေလျှက်ရှိပါတယ်။

“မြန်မာ့နှစ်သစ်ကူး သင်္ကြန်အခါသမယကို ကြိုဆိုတဲ့အနေနဲ့ အများအကျိုးဆောင်ရွက်နေတဲ့ နေရာတွေ အခြေခံ စားသောက်ကုန်တွေ ထောက်ပံ့လှူဒါန်းတာဖြစ်ပါတယ်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနဲ့ ပရဟိတအဖွဲ့အစည်းတွေဟာ လိုအပ်တဲ့ လူမှုအသိုင်းအဝိုင်းတွေကို အဓိက ပံ့ပိုးကူညီပေးနေတဲ့ နေရာတွေ ဖြစ်လို့ ကျွန်တော်တို့အနေနဲ့ အဆိုပါနေရာများသို့ ပေးပို့လှူဒါန်းခွင့်ရလို့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဒါတင် မဟုတ်ပါဘူး အူရီဒူးမြန်မာအနေနဲ့ “အူရီဒူးက လှူနေမှာ ၁ မိနစ် ပြောတိုင်း ၁ ကျပ်ပါ” အစီအစဥ်နဲ့ မကြာသေးခင်က မိတ်ဆက်လိုက်တဲ့ “ဒစ်ဂျစ်တယ်ပညာရေးအစီအစဉ်” တွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို ပံ့ပိုးပေးလျက်ရှိပြီး လိုအပ်တဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် ပညာရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိပါတယ်”လို့ အူရီဒူးမြန်မာရဲ့ Head of Corporate Communications ဦးတင့်နိုင်ထွဋ်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2024-04-04_15-42-00-2-1024x796.jpg

အဆိုပါ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုလုပ်ငန်းတွေများစွာကို အစဉ်တစိုက် ဆောင်ရွက်နေတဲ့ အူရီဒူးမြန်မာအနေနဲ့ လိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေကို ပံ့ပိုးပေးဖို့ ငွေကျပ်သိန်းပေါင်း ၄၀၀ ခန့် တန်ဖိုးရှိ အခြေခံစားသောက်ကုန်တွေကို လူဦးရေ ၃၅,၀၀၀ စာ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ ဒီအစီအစဉ်မှာ အူရီဒူးမြန်မာက ဆန်အိတ်တွေ ၊ နေကြာဆီ၊ ဆန်ကြာဇံနဲ့ ပဲ စတဲ့ အခြေခံ စားသောက်ကုန်တွေကို နိုင်ငံအနှံ့အပြားရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ၊ သီလရှင်စာသင်တိုက်တွေ၊ မိဘမဲ့ဂေဟာတွေနဲ့ ဘုန်းကြီးကျောင်း စတာတွေကို စုစုပေါင်း ၅၈ နေရာကို ပေးပို့လှူဒါန်းနေလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *