October 21, 2024

၄. ၄. ၂၀၂၄
Written by Pan Ei

ပြီးခဲ့တဲ့ လေးနှစ်က သူတို့ရဲ့ကြီးကြပ်ရေးမှူးဖြစ်တဲ့ အိန္ဒိယအမျိုးသားတစ်ဦးကို သတ်ဖြတ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို တရားရုံးချုပ်က အပြစ်မရှိကြောင်း စီရင်ချက်ချပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ မလေးရှားအခြေစိုက် သတင်းဌာနတွေက ဒီနေ့မှာ ဖော်ပြခဲ့ပါတယ်။

တရားသူကြီး ဒါတွတ် ရိုဟိုင်နီ အစ်မေးလ် က မြန်မာနိုင်ငံသားနှစ်ဦးဖြစ်တဲ့ မောင်မောင် (၄၅)နှစ်နဲ့ မောင်အောင်အောင် (၃၃)နှစ်တို့ကို တရားခံအဖြစ် သက်သေပြနိုင်ခြင်း မရှိတာ တွေ့ရတဲ့အတွက် သူတို့ လွှတ်ပေးဖို့ အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက် နံနက် ၂ နာရီခန့်က Metro Park က ဓာတ်ဆီဆိုင်တစ်ခုမှာ အိန္ဒိယနိုင်ငံသား Ajith Almaraj ကို သတ်ဖြတ်မှုနဲ့ ပူးတွဲတရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်ခဲ့တဲ့ ရုံးချိန်းတွေမှာ စုစုပေါင်း သက်သေ ၁၀ ဦးကို ခေါ်ယူခဲ့ပေမဲ့ သူတို့နှစ်ဦးဟာ ပြစ်မှု ကျူးလွန်ခဲ့တယ်ဆိုတာကို မတွေ့ရှိခဲ့တာဘဲ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်းက မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဖုန်းခေါ်ဆို သတင်းပေးမှုအရ နံနက် ၄ နာရီဝန်းကျင်လောက် ဓာတ်ဆီဆိုင်အနီးက ကားရေဆေးတဲ့နားမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရဲတပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူဟာ လည်ပင်းနဲ့ ကျောတို့မှာ ဒဏ်ရာတွေရရှိခဲ့တာကို တွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။

Ref; The Star

Leave a Reply

Your email address will not be published. Required fields are marked *