October 20, 2024

MT News
၄. ၄. ၂၀၂၄

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ပြည်သူ့ရင်ပြင်၌ အများပြည်သူ ပျော်ရွှင်လွတ်လပ်စွာဖြင့် ပါဝင်ရေကစားနိုင်ရေး တိုင်းဒေသကြီး ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် (၁ဝ)ခု၊ လမ်းလျှောက်သင်္ကြန် (၁)ခု၊ ဖျော်ဖြေရေးမဏ္ဍပ် (၁)ခု၊ မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်အား ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရိုင်/ မြို့နယ်များတွင် ဗဟိုမဏ္ဍပ် (၄၃) ခု၊ ရေကစားမဏ္ဍပ် (၁၇၆) ခု। လမ်းလျှောက်သင်္ကြန် (၂) ခုတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားသည်။

အဆိုပါ ရေကစားမဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်များတွင် ဖျော်ဖြေရေးအစီအစဉ်များ စတုဒီသာကျွေးမွေးမည့် အစီအစဉ်များ ပါဝင်ကြောင်းနှင့် မြို့တော်ခန်းမရှေ့ မဟာသင်္ကြန်မဏ္ဍပ်တွင် ဌာနဆိုင်ရာကိုယ်စားပြု ယိမ်းအဖွဲ့များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အဖွဲ့များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များ၏ ဖျော်ဖြေမှုများဖြင့် နေ့စဉ်အလှည့်ကျ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

၁၃၈၅ ခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော်အတွက် ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့ ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းအကြား မဟာဗန္ဓုလပန်းခြံလမ်းတစ်လျှောက် လမ်းလျှောက်သင်္ကြန်နှင့် ပြည်သူ့ရင်ပြင်​ရေကစားမဏ္ဍပ်နှင့် လမ်း​လျှောက်သင်္ကြန်ကျင်းပ​ရေးကြိုတင်ပြင်ဆင်​နေပြီး အဆိုပါလမ်းလျှောက်သင်္ကြန်များတွင် စားသောက် ဆိုင်ခန်း ၁၅၀ ကိုလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပုံစာ။ ယမန်နှစ်ရန်ကုန်သင်္ကြန်မြင်ကွင်းအချို့။

Leave a Reply

Your email address will not be published. Required fields are marked *