October 20, 2024

၄. ၄. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားတွေသွားရောက်လည်ပတ်လေ့ရှိရာ ဆူရတ်သာနီပြည်နယ်ရှိ ခိုတောင်ကျွန်းကမ်းရိုးတန်းမှာ ကမ္ဘာလှည့်ခရီးသွားတို့ လိုက်ပါလာတဲ့ သင်္ဘောတစ်စီး ဧပြီ ၄ ရက်၊ ဒေသစံတော်ချိန် နံနက် ၇ နာရီက ကမ်းရိုးတန်း ရေပြင်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သင်္ဘောမီးလောင်မှုကြောင့် သေကြေဒဏ်ရာရသူတွေ ရှိမရှိ လောလောဆယ်မှာတိကျစွာမသိရသေးပေမယ့် လူမှုကွန်ရက်၊ ထိုင်းနိုင်ငံ မီးဘေးနဲ့ ကယ်ဆယ်ရေးစာမျက်နှာမှာတင်ထားတဲ့ ဗီဒီယိုအရတော့ သင်္ဘောကို မီးလောင်မှုက ပို၍အရှိန်မြင့်လာနေတာကိုတွေ့ရပါတယ်။

ဗီဒီယိုထဲမှာ အနီးအနားမှာရှိနေကြတဲ့ သင်္ဘောတွေက မီးလောင်သင်္ဘောအနားကိုရောက်လာကြပြီး ပင်လယ်ပြင်ထဲ ခုန်ချနေသူတွေကို ကယ်ဆယ်ဖို့ကြိုးစားနေကြတာ တွေ့ရပါတယ်။

အဆိုပါသင်္ဘောက ကမ္ဘာလှည့်ခရီးသည်တို့လိုက်ပါစီးနင်းကာ ညဘက်မှာ ပင်လယ်ရေပြင်အတွင်း အိပ်စက် အနားယူရင်း ညပိုင်းရေကူးမှုပင်ပြုနိုင်တဲ့ ထူးခြားတဲ့အတွေ့အကြုံရစေမယ့် ပင်လယ်ပြင် ညအိပ်သင်္ဘောလို့ ဆိုပါတယ်။

Ref- Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *