October 20, 2024

၄.၄.၂၀၂၄
Written By Thandar

မြန်မာတစ်နိုင်ငံလုံးရှိ အမျိုးသမီးတွေ၊ ခွဲစိတ်ပြီးစီးတဲ့ Transgender တွေနဲ့ အိမ်ထောင်ရှိ အမျိုးသမီးတွေပါ အသက်ကန့်သတ်ချက်မရှိ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိတဲ့ အလှမယ် ၁၆ ဦး ပါဝင်ယှဉ်ပြိုင်ကြတဲ့ Miss Universe Yangon 2024 Grand Final ပြိုင်ပွဲကို ဧပြီ ၃ ရက် ညပိုင်းက ရန်ကုန်မြို့ Wyndham Grand Hotel မှာကျင်းပခဲ့ရာ ရွေးချယ်ခံရသူ အလှမယ် ၆ ဦး ထွက်ပေါ်လာခဲ့ပါတယ်။

“ကျွန်မအနေနဲ့ Miss Universe Yangon West 2024 ကိုယ်စားပြုအလှမယ် ဖြစ်ခွင့်ရလို့အရမ်းလည်း ပျော်ပါတယ်။ အရင်ကတော့ ကျွန်မမိသားစု မြောက်ဒဂုံမှာပဲ နေတာပါ။ ကျွန်မကို ဒီဇိုင်နာတွေ Dress ကို အကောင်းဆုံးပြင်ဆင်ပေးလို့ ကျေးဇူးတင်ပါတယ်။ မိတ်ကပ်ဆရာတွေလည်း ကျေးဇူးတင်ပါတယ်။ လမ်းလျှောက်တဲ့အပိုင်းတွေ သေချာလေ့ကျင့်ထားပါတယ်။ အစားအသောက်တွေကို သေချာပြင်ဆင်စားသောက်နေပါတယ်။ နောက်ဆုံးဖိုင်နယ်အထိ တက်လှမ်းနိုင်မယ်လို့ ယုံကြည်မှုအပြည့်ရှိပါတယ် ”လို့ Miss Universe Yangon West 2024 ကိုယ်စားပြုအလှမယ်သက်စံအန်ဒါဆန်က ပြောပါတယ်။

အဆိုပါပြိုင်ပွဲမှာတော့ Miss Universe Yangon West 2024 ကိုယ်စားပြုအလှမယ် အေးပြည့်ဝေအောင် ၊ Miss Universe Yangon East 2024 ကိုယ်စားပြု အလှမယ် ဇင်မိုးပြည့် ၊ Miss Universe Yangon South 2024 ကိုယ်စားပြုအလှမယ် ဟန်လေး ၊ Miss Universe Yangon West 2024 ကိုယ်စားပြုအလှမယ် သက်စံအန်ဒါဆန် တို့အပြင် ထပ်တိုး ဆုတွေအနေနဲ့ Miss Universe PinTaYa 2024 ကိုယ်စားပြု အလှမယ် Arr Put ၊ Miss Universe KawThaung 2024 ကိုယ်စားပြုအလှမယ် ဖြိုးသဥ္ဇာဇော် တို့က Title ဆုတွေအသီးသီးနဲ့ ရရှိခဲ့ကြပါတယ်။

ဒီပြိုင်ပွဲက ရွေးချယ်ထားတဲ့ အလှမယ် ၆ ဦးကတော့ မကြာခင် ၁၁ ကြိမ်မြောက်ကျင်းပမယ့် ကျင်းပပြုလုပ်တော့မယ့် Miss Universe Myanmar 2024 ပြိုင်ပွဲမှာ ဆက်လက်ယှဥ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *