October 20, 2024

၄. ၄. ၂၀၂၄
Written by TZ

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်အုပ်စု၊ စည်ပင်သာကျေးရွာတွင် အိပ်ပျော်နေသည့် သားဖြစ်သူကို ဖခင်က မွေးရကျိုးမနပ်သည့် သားဟုပြောသောကြောင့် သားဖြစ်သူမှ ဖခင်ကိုတုတ်ဖြင့်ရိုက်ရာ ဖခင်သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၂ ရက်နေ့တွင် ည ၇ နာရီကျော်အချိန် နေအိမ်အောက်ရှိ ကုတင်ပေါ် အိပ်ပျော်နေသည့် သားဖြစ်သူကို ဖခင်မှမွေးရကျိုးမနပ်သည့် သားဟုပြောသောကြောင့် နေအိမ်အတွင်းရှိနေသည့် ဝါးရင်းတုတ်ဖြင့် ဖခင်၏ဦးခေါင်းကို အကြိမ်ကြိမ် ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“သားက အဖေကိုရိုက်တာ။ အဖေကသေသွားတယ်။ ဘာလို့ရိုက်တာလဲဆိုတော့ ကြားမိသလောက်ကတော့ အိပ်နေတဲ့သားကို အဖေက မွေးရကျိုးမနပ်ဘူးဆိုပြီး ပြောလို့တဲ့။ အဲ့ဒီလောက်ပဲ သိရတယ်။ အဲ့ဒီနေရာကို အုပ်ချုပ်ရေးမှူးတို့ရဲတို့ရောက်လာတယ်။ သားကိုတော့ ဖမ်းထားတယ်”လို့ စည်ပင်သာကျေးရွာတွင် နေထိုင်သူတစ်ဦးက MT New သို့ ဖြေကြားသည်။

ရိုက်နှက်ခံရမူကြောင့် ဖခင်၏ဦးခေါင်းမှာ ဒဏ်ရာအပြင်းအထန်ရရှိသောကြောင့် ဇမ္မူသီရိမြို့နယ်ရှိ ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ရာ ဒဏ်ရာပြင်းထန်မှုရရှိသောကြောင့် ဆေးကုသနေစဥ် ဖခင်မှာသေဆုံးသွားကြောင်း သိရသည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *