၁၁-၁၂-၂၀၂၂
Written By Naddy
တေးရေး၊ တေးဆိုသျှန်ထွန်း (မြန်မာစာ) ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း တပည့်ဖြစ်သူ မိုးထက်မြင့်က Myanmar Transparency News သို့ ဒီဇင်ဘာ ၁၁ရက်တွင် ပြောသည်။
“ဆရာသျှန် အိမ်ပြန်ရောက်ပါပြီ။ ချစ်ခင်မေတ္တာပို့ ဆုတောင်းပေးကြသူများ ဝမ်းသာပီတိ ဖြစ်မိပါတယ်။အားလုံးကိုကျေးဇူးပါ။ ကိုယ့်ရဲ့ ဆရာဆိုတော့ ခုလိုပြန်လွတ်လာတော့ ပျော်တာပေါ့။ သူ့ကလေး ၂ ယောက်က သူရှိမှ။ ပြီးတော့ အသက်အရွယ်လည်း ရပြီလေ။ ဆရာသျှန် ညီမဖြစ်သူလည်း ပြန်လည်လွတ်မြောက်လာပါပြီ “ဟု ၎င်းကပြောသည်။
နိုင်ငံကျော် ဇာတ်မင်းသား ဖိုးချစ် (ပန်တျာ)နှင့် တေးရေး၊ တေးဆို သျှန်ထွဏ်း (မြန်မာစာ) တို့ကို ဖမ်းဆီးထိန်းသိမ်းခံရထားရကြောင်း ဒီဇင်ဘာ ၅ ရက်တွင် သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်လာခဲ့ပြီး ဖိုးချစ်ကိုမူ နိုဝင်ဘာ ၃၀ ကတည်းက တပည့်တစ်ဦးနှင့်အတူ ထိန်းသိမ်းခဲ့ခြင်းဖြစ်ကာ လက်ရှိလွတ်မြောက်မှုတွင်မူ ဖိုးချစ်ပါဝင်ခြင်းမရှိသေးချေ။
တေးရေး၊ တေးဆို သျှန်ထွန်း(မြန်မာစာ)အား ပုဂံအသွား အမြန်လမ်း Zero Mile တွင် ညီမဖြစ်သူနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ညီမဖြစ်သူမှာလည်း ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်သည်။