October 20, 2024

၄. ၄. ၂၀၂၄
Written by Hey Mar

မနေ့က ဧပြီလ ၃ ရက် မနက် ၁၁ နာရီခန့်အချိန် စစ်ကိုင်းမြို့ ရွှေတောင်ဦး မှော်ဘုရားမှာ အမျိုးသားတစ်ဦး ဆေးသောက်ကာ လဲကျသေဆုံးခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပရဟိတအသင်းထံကနေ သိရပါတယ်။

အဆိုပါ လဲကျသေဆုံးခဲ့သူမှာ အသက် ၄၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သူ့ဆီက တွေ့ရှိရတဲ့ မှတ်ပုံတင်အရ စစ်ကိုင်းတိုင်း၊ တမူးမြို့ကလို့သိရှိရပြီး မိသားစုနဲ့လည်း ဆက်သွယ်ချိတ်ဆက်နိုင်ဖို့ သက်ဆိုင်ရာက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ အိုးဘို Rescue မှ တာဝန်ရှိသူက “သူက သောက်တဲ့ဆေးက အန္တရာယ်အမှတ်အသားနဲ့ ဘာဆေးလဲတော့ သေချာမသိဘူး။ ဆေးရုံက အဖြေပြန်မရသေးပါဘူး။ သူ့ကိုယ်သူ အဆုံးစီရင်ပုံရတယ်။ ဘုရားကန်တော့လျက်လေး သေနေတာ”လို့ MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

သေဆုံးသူရဲ့အမည်က မောင်မန်းဟောက်မုန်လို့ သိရှိရပြီး သူ့အနီးက သောက်ထားဟန်ရှိတဲ့ ဆေးထုပ်ပါ တစ်ပါတည်းယူဆောင်ကာ စစ်ကိုင်းဆေးရုံ Opd ကနေတစ်ဆင့် ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *