October 20, 2024

၄.၄.၂၀၂၄
Written By Thandar

ပရိသတ် ချစ်ခင်မှုများစွာရရှိထားတဲ့ အဆိုတော် သရုပ်ဆောင် အကယ်ဒမီနေဝင်းကတော့ ရင်သွေးလေးရတော့မယ်ဆိုတာကို”နှစ်ယောက်ကနေ သုံးယောက်ဖြစ်တော့မယ်ဗျို့” လို့ ပရိသတ်သိအောင် ရင်ဖွင့်လာပါတယ်။

နေဝင်းရဲ့ ချစ်ဇနီးက အိမ့်ချစ်ချောက Baby လေးလွယ်ထားရပြီလို့ ပုံလေးနဲ့တကွ ဖော်ပြလာပြီး နေဝင်းနဲ့ ချောတို့ကတော့ ချစ်သူသက်တမ်း ၁၁ နှစ်ကျော်ရှိခဲ့သလို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ Inya Lake Hotel မှာ မင်္ဂလာပွဲ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

နေဝင်းကတော့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့ကနေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၂၀၂၃ ခုနှစ်မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ အမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *