October 31, 2024

MT News

Written by Nay Aung

မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးကြီးကာလကို ရောက်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဟိုင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

တရုတ်သံအမတ်ကြီးသည် Bank of China (Hong Kong) နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း တို့အတူ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး စတင်ပေးအပ်ခြင်းအခမ်းအနားတွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ပညာရေး၊ လူမှုယဉ်ကျေးမှုကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်တိုက်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ရန်ကုန်တက္ကသိုလ် အပါအဝင် မြန်မာနိုင်ငံမှ တက္ကသိုလ်ကျောင်းများနှင့် တရုတ်နိုင်ငံအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် လူတော်များ ပိုမိုမွေးထုတ်ပေးရန် ထောက်ခံအားပေးကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဟိုင်ကဆိုသည်။

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအသစ်များက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် အခွင့်အလမ်းသစ်များ သေချာပေါက် ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း၊ တရုတ်သံအမတ်ကြီးကဆိုသည်။

တရုတ်ဘဏ်၏ ပညာသင်ထောက်ပံ့ကြေးပေးသည့် စီမံကိန်းသည် အကျိုးခံစားခွင့်ရသော ကျောင်းသားကျောင်းသူများကို အကျိုးပြုပြီး မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် တည်ဆောက်ရေးကို ပံ့ပိုးကူညီပေးကြောင်း၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ဆောင်မှုပေးကာ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေးကြောင်း၊ အခမ်းနားကိုတက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌဖြစ်သူဒေါ်သန်းသန်းဆွေက ပြောဆိုခဲ့ကြောင်း သိရသည်။

Ref, Xinhua English ၊ China Embassy

Leave a Reply

Your email address will not be published. Required fields are marked *