October 18, 2024

၃.၄၂၀၂၄.
Translated by Htwe Ko Tun

အစ္စရေးရဲ့ ဂါဇာကမ်းမြောင်ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုတစ်ရပ်ကြောင့် ဒေသအတွင်း လူသားချင်းစာနာမှု စားနပ်ရိက္ခာအထောက်အပံ့ပစ္စည်းတွေ ဖြန့်ဝေပေးနေတဲ့ WCK အဖွဲ့က အလုပ်သမား ခုနှစ်ဦးသေဆုံးခဲ့ရတဲ့အပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးအစိုးရအပေါ် ပြင်းတန်စွာ ပြစ်တင်ပြောကြားခဲ့ပါတယ်။

အမေရိကန်အစိုးရက သူ့ရဲ့ အနီးကပ်ဆုံးမဟာမိတ်တစ်ဦးဖြစ်တဲ့ အစ္စရေးအစိုးရအပေါ် အပြင်းထန်ဆုံးလို့ဆိုရမယ့် ပြစ်တင်မှုပြုခဲ့ရာမှာ ဒီလိုလုပ်ရပ်ကြောင့် သူ့အနေနဲ့ အလွန်ကြေကွဲမိရပြီး ဒီလုပ်ရပ်ကို လက်မခံနိုင်ဘူးလို့ ဧပြီလ ၂ ရက်က ဆိုခဲ့ပါတယ်။

အစ္စရေးသို့ ဂါဇာစစ်ပွဲအတွင်း အမေရိကန်က လက်နက်ထောက်ပံ့နေမှု ထက်ဝက်ခန့် ကျဆင်းသွားချိန်မှာပဲ အမေရိကန်အစိုးရနဲ့ဝန်ကြီးချုပ် နေတန်ရာဟု ခေါင်းဆောင်တဲ့ အစ္စရေးအစိုးရတို့ကြားမှာလည်း အဆင်မပြေမှုတွေတိုးပွားလာနေတာကို အခု ပြစ်တင်ပြောကြားမှုကနောက်ဆုံးဖော်ပြလိုက်တာပါပဲ။ ဧပြီလ ၂ ရက်ညက ထုတ်ပြန်လိုက်တဲ့ကြေညာချက်မှာဆို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေး အစိုးရအနေနဲ့ ဟားမားစ်တို့နဲ့စစ်ပွဲမှာ အပြစ်မဲ့အရပ်သားတွေကို ကာကွယ်ပေးဖို့ အပြည့်အဝမဆောင်ရွက်နိုင်ဘူးလို့ ဖော်ပြခဲ့ပါတယ်။

ဘိုင်ဒန်က အခု ပဋိပက္ခမှာ အထောက်အပံပေးရေးဝန်ထမ်းတွေသတ်ဖြတ်ခံရမှုကြောင့် အဆိုးဝါးဆုံးလည်းဖြစ်နေရပြီး၊ဂါဇာဒေသမှာ လူသားချင်းစာနာမှုအထောက်အပံ့ပေးရေးအတွက်က ခက်ခဲလှသော ပြဿနာတစ်ရပ်ဖြစ်ကာ၊အရပ်သားတွေအတွက် အထောက်အပံ့ပေးနေသောဝန်ထမ်းတွေကို အစ္စရေးကကာကွယ်မပေး၍ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဂါဇာဒေသမှာ လူသားချင်းစာနာမှု အထောက်အပံ့ ပစ္စည်းတွေကို လုံခြုံစွာဖြန့်ချိနိုင်ဖို့ အစ္စရေးအစိုးရကို ဖိအားပေးသွားမယ်လို့ ဂျိုးဘိုင်ဒန်ကပြောခဲ့ပါတယ်။

အစ္စရေး ကာကွယ်ရေးဦးစီးချုပ် ဟာဇီ ဟယ်လ်ဗီကတော့ ဂါဇာမှာ ဧပြီ ၁ ရက်က အဆိုပါ အထောက်အပံ့ပေးရေးယာဉ်တွေ လေကြောင်းတိုက်ခိုက်ခံရတာအတွက် အလွန်ဝမ်းနည်းမိပါတယ်လို့ ပြောခဲ့ပြီး ဒါက ထောက်လှမ်းရရှိမှုနဲ့ သဘော ပေါက်မှုတို့အကြား နားလည်မှုလွဲခဲ့လို့ပါလို့ တောင်းပန်စကား ပြောခဲ့ပါတယ်။

Ref- Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *