၃. ၄. ၂၀၂၄
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလု(အထက်)ရွာတွင် ဧပြီလ ၂ ရက်နံနက် ၃ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၁၇ လုံးနှင့် ဘုရားကျောင်းတစ်ကျောင်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ အလျားပေ ၂၀၊ အနံ ၂၅ ပေရှိ သက်ကယ်မိုး၊ ပျဉ်ကာ၊ ဝါးခြမ်းခင်း မြေစိုက်နေအိမ်အောက်ရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ သက်ကယ်ပုံသို့ မီးကူးစက်ရာမှ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
“ရွာက တောင်ပေါ်ရွာလည်းဖြစ်၊ လမ်းခရီးကလည်း သွားရခက်တာကြောင့် မီးလောင်မှုက ကြာသွားတယ်။ ရွာမှာမွေးထားတဲ့ ဝက် ၁၈ ကောင်လည်း မီးထဲပါသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
နှစ်နာရီကျော်ကြာ လောင်ကျွမ်းခဲ့သည့် လူနေအိမ် ၁၇ လုံး မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ မီးသတ်စက်ယာဥ်တစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဒေသခံပြည်သူများက ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အလားတူ မတ်လ၂၃ ရက်က တာချီလိတ်မြို့ မိုင်းဟဲကျေးရွာအုပ်စု၊ ဟွေပါလန်းရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ် ၃ လုံးနှင့် လယ်ထွန်စက် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
၁၂၀ လောက်တင်ပါ