၂. ၄. ၂၀၂၄
Written by TZ
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၆၆ လမ်း ၂၄ / ၂၅ ကြားတွင် ယနေ့နံနက် ၆ နာရီ ၄၂ မိနစ်ခန့်က အုတ်သည်ကားနှင့် ပြိုင်ဘီးစက်ဘီးတို့ အရှိန်လွန်၍ တိုက်မိရာက ပြိုင်ဘီးစီး အမျိုးသား ဘယ်ဘက်ခြေထောက်ပျက်စီးဆုံးရှုံးသွားသည်ဟု ကူညီပေးခဲ့သည့် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကနဦး သိရသည်။
“ဘယ်လိုတိုက်မိလဲတော့မသိဘူး။ ပြိုင်ဘီးမောင်းတဲ့ကောင်လေးကတော့ ဘယ်ဘက်ခြေထောက်က ဒူးအထက်ကြေမွသွားတယ်။ လူနာကအရေးကြီးလို့ ဆေးရုံကို မြန်မြန်လိုက်ပို့လိုက်ရတယ်” ဟု နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက MT Nnew သို့ ဖြေကြားသည်။
ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသားကို နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။
ဓာတ်ပုံ – နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့