၂. ၄. ၂၀၂၄
Written by TZ
ကျိုက်ထိုမြို့၊ တောင်စုရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံကို KNU/ PDF များမှ လာရောက်ပစ်ခတ်ရာ Breaker တစ်လုံးပျက်စီး၍ အမျိုးသမီးဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ဧပြီလ ၂ ရက် နံနက် ၈ နာရီကျော်တွင် KNU / PDF များမှ မော်တော်ယာဥ်ဖြင့် မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံကို လက်နက်များဖြင့် (၁၅) ချက်ခန့်ပစ်ခတ်ရာ Breaker တစ်လုံးမှာ ပျက်စီးပြီး ထိုအနီးရှိ နေအိမ်တစ်လုံးတွင် ရှိနေသည့် အမျိုးသမီးတစ်ဦးလည်း ညာဘက်လက်မောင်းတွင် ကျည်ရှပ်မှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်ခံရသည့် မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံမှာလည်း တောင်စွန်းနှင့် ကင်မွန်းချောင်းသို့ ပေးပို့သည့် ဓာတ်အားလိုင်း 33KV GCB (Gas Circuit Breaker) ကြွေသီးတစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
Photo – Credit