October 18, 2024

၁. ၄. ၂၀၂၄
Written by Nay Moe

ဓာတ်စက်အငှားဖွင့်သူအဘိုးအိုတစ်ဦးကို သတင်းပေးလို့စွပ်စွဲပြီး ကျိုက်ထို PDF နှစ်ဖွဲ့က ဒီညနေမှာ သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ဒီညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ကျိုက်ထိုမြို့၊ကော့စံနိုင်ရပ်ကွက်၊ ဇီဇဝါမြောက်ပိုင်းနေပြီး ဓာတ်စက်အငှားဖွင့်သူ ဦးမြအေး ၇၀ နှစ်ကို KRF(ကျိုက်ထိုတော်လှန်ရေးအင်အားစု) နဲ့ ကျိုက်ထိုပကဖပူးပေါင်းအဖွဲ့က PDF (၂)ဦး ဆိုင်ကယ်တစ်စီးနဲ့ ငယ်ဒိုးကျေးရွာဘက်ကနေ ဦးမြအေးရဲ့ နေအိမ်ခြံဝန်းဘေးဘက် ဝင်ရောက်လာပြီး သေနတ်နဲ့(၁၅)ချက်ခန့် ပစ်ခတ်ကာ ငယ်ဒိုးကျေးရွာဘက် မောင်းနှင်ထွက်ပြေးသွားခဲ့တာပါ။

KRF နဲ့ ကျိုက်ထိုပကဖ PDF တွေ ပစ်ခတ်သတ်ဖြတ်တာကြောင့် ဦးမြအေးမှာ ဝဲရင်ဘတ် ဖေါက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာလက်မဖေါက်ဝင်ဒဏ်ရာ(၁)ချက်၊ ဦးခေါင်းယာဂျိုဇောင်း ဖောက်ဝင်ဒဏ်ရာ (၂)ချက်၊ နဖူးဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ဝဲပါး ဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ ဝဲနားထင်ဖောက်ဝင် ဒဏ်ရာ (၁)ချက်၊ ဝဲလက်တံတောင်ဆစ် ဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ ယာလက်မောင်း/ လက်ဖျံ/ ဂျိုင်းအောက် ဖေါက်ဝင်ဒဏ်ရာ(၅)ချက်တို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *